ကလေး၀မြို့နယ်တွင် စစ်ကိုင်း၀န်ကြီးချုပ်ဦးမြတ်ကျော် လိုက်ပါသော ယာဉ်တန်း မိုင်းဆွဲခံရ


စစ်ကိုင်းတိုင်း ကလေး၀မြို့နယ် ကလေးဝ-တန့်ဆည်-ရေဦးလမ်းပိုင်း မဟာမြိုင်တောတွင်းတနေရာမှာ စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော် လိုက်ပါတဲ့ယာဉ်တန်းကို ဒီကနေ့ နိုဝင်ဘာ(၁၉)ရက် မနက်ပိုင်းမှာ ကလေး၀ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း၀န်ကြီးချုပ် မြတ်ကျော်ဟာ ကလေး၀မြို့ကနေ မဟာမြိုင်ဆရာတော်ကြီးရဲ့မွေးနေ့ကိုအသွား လမ်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ကလေးဝ PDFနဲ့ နီးစပ်သူတစ်ယောက်က အတည်ပြုပြောပါတယ်။

ယာဉ်တန်းမှာ ကား(၁၃) စီးပါပြီး လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တဲ့အတွက် PDF ရဲဘော်တွေအနေနဲ့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီကားတစ်ချို့ ထိခိုက်မှုရှိခဲ့ပြီး ဒဏ်ရာရ သေဆုံး စာရင်းကိုတော့ မသိရသေးဘူးလို့ PDF ရဲ

ဘော်တစ်ယောက်က ပြောပါတယ်။

ကလေးဝ PDF ရဲဘော်တွေကတော့ ထိခိုက်ကျဆုံးမှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

Credit: မျက်မှောက်ခတ် / Zalen

ကလေး၀မြို့နယ်တွင် စစ်ကိုင်း၀န်ကြီးချုပ်ဦးမြတ်ကျော် လိုက်ပါသော ယာဉ်တန်း မိုင်းဆွဲခံရ ကလေး၀မြို့နယ်တွင် စစ်ကိုင်း၀န်ကြီးချုပ်ဦးမြတ်ကျော် လိုက်ပါသော ယာဉ်တန်း မိုင်းဆွဲခံရ Reviewed by THITHTOOLWIN on 16:57 Rating: 5

No comments:

Powered by Blogger.