မန္တလေး ကျောက်မီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်တိုက်ခိုက်ခံရ


ကျောက်မီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီး ဒဏ်ရာရသူများ/ Photo - ပေးပို့

အုပ်ချုပ်ရေးမှူးနှင့် တပ်ကြပ်ကြီးအဆင့် လက်နက်ကိုင်တစ်ဦး သေနတ်မှန်ပြီး ဒဏ်ရာပြင်းထန်၊

 နိုဝင်ဘာ - ၃၀

မန္တလေးမြို့ ပုသိမ်းကြီးမြို့နယ် မန္တလေး - ပြင်ဦးလွင် လမ်းပေါ်ရှိ ကျောက်မီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ယနေ့ မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရုံးအစောင့်ကျ တပ်ကြပ်ကြီးအဆင့်ရှိ စစ်ကောင်စီ လက်နက်ကိုင်တစ်ဦး သေနတ်မှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။

ယနေ့ နိုဝင်ဘာ (၃၀)ရက် မနက်(၁၁)နာရီခန့်က အဆိုပါ ကျောက်မီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ အမျိုးသား နှစ်ဦး လာရောက်ပြီး ပစ္စတိုသေနတ်ဖြင့် (၁၀)ချက်ခန့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်သဖြင့် အဆိုပါ ရုံးတွင် လုံခြုံရေး အစောင့်ကျနေသော ပင်ပခဲယမ်း မီးကျောက်တပ် (တောင်တွင်းကြီး)မှ တပ်ကြပ်ကြီးအဆင့်ရှိ လက်နက်ကိုင်တစ်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေ ဆိုသူတို့တွင် သေနတ်မှန် ဒဏ်ရာများ ရရှိသည်ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။

တပ်ကြပ်ကြီးအဆင့်ရှိ စစ်ကောင်စီ လက်နက်ကိုင်သည် ကျောပြင်တွင် သေနတ်မျန် ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရသလို အသက်(၆၀)ကျော်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူးသည်လည်း ဝမ်းဗိုက်နှင့် လက်မောင်းတွင် သေနတ်မှန် ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ဆိုသည်။

အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။

မန္တလေးမြို့၌ ယခုရက်ပိုင်းအတွင်း ပေါက်ကွဲမှုနှင့် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားနေပြီး အဓိကအားဖြင့် စစ်ကောင်စီနှင့် ဆက်စပ်သူများ၊ စစ်ကောင်စီနှင့် ဆက်စပ်သော ရုံး၊ အဆောက်အဦး၊ နေရာများ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။ 

တချိန်တည်းမှာပင် စစ်အုပ်စုကလည်း ၄င်းတို့ကို ဆန့်ကျင်သူများကို နည်းမျိုးစုံသုံးကာ အကြမ်းဖက် ဖိနှိပ်လျှက် ရှိသည်။


Mandalay Free Press - MFP

မန္တလေး ကျောက်မီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်တိုက်ခိုက်ခံရ မန္တလေး ကျောက်မီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 20:59 Rating: 5

No comments:

Powered by Blogger.