မြေငလျင်လှုပ်ရှားမှုကြောင့် ဟားခါးမြို့နယ်တွင် ဘုရားကျောင်းတစ်ကျောင်းပျက်ဆီး

ယနေ့ နံနက်ပိုင်း ၆:၁၅ အချိန်ခန့်က ဟားခါး‌  မြေငလျင်စခန်းနဲ့ ၁၀ မိုင်ခန့်အကွာ အနောက်မြောက်ဘက်တွင် မြေငလျင်ရှားမှုဖြစ်ပွားရာ ဟားခါးနဲ့ မိုင် ၅၀ခန့် အကွာတွင်တည်ရှိသည့် လုံကြွယ်ကျေးရွာ Believer Church ဘုရားကျောင်းတွင် ပျက်ဆီးမှုရှိခဲ့ကြောင်း သတင်းရရှိသည်။ 

ဘုရားကျောင်း ပလ္လင်ပေါ်တွင် အုပ်နံရံပြုတ်ကျပြီး ထိုင်ခုံနဲ့ပလ္လင်ပေါ်ရှိ ပစ္စည်းတစ်ချို့ ပျက်ဆီးသွားကြောင်း အသင်းတော်ပါစတာတစ်ဦးက The Chin Journal ကို ပြောပါတယ်။ 

ယနေ့နံနက်ပိုင်း ၆နာရီ၊ ‌၁၅မိနစ်၊ ၄၅စကန့်အချိန်တွင် အင်အား ရစ်(ခ်)တာစကေး (၆.၀) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေ၀သနှင့်ဇလဗေဒဌာနမှ ထုတ်ပြန်သည်။ 

Chin News Journal - CNJ



မြေငလျင်လှုပ်ရှားမှုကြောင့် ဟားခါးမြို့နယ်တွင် ဘုရားကျောင်းတစ်ကျောင်းပျက်ဆီး  မြေငလျင်လှုပ်ရှားမှုကြောင့် ဟားခါးမြို့နယ်တွင် ဘုရားကျောင်းတစ်ကျောင်းပျက်ဆီး Reviewed by THITHTOOLWIN on 19:26 Rating: 5

No comments:

Powered by Blogger.