ထန်တလန်မြို့တွင် ဘုရားကျောင်းတစ်ကျောင်း အပါအဝင် အိမ်ခြေ ၁၀၀ နီးပါး ထပ်မံလောင်ကျွမ်းပြာကျ

ခိုနူမ်းသုန်သတင်း၊ ၂၈ နိုဝင်ဘာ ၂၀၂၁

ချင်းပြည်နယ် ထန်တလန်မြို့တွင် ယမန်နေ့(နိုဝင်ဘာလ ၂၇)ညက လောင်ကျွမ်းခဲ့သည့် မီးကြောင့် ဘုရားကျောင်း တစ်ကျောင်းအပါအဝင် အိမ်ခြေ ၁၀၀ နီးပါး ထပ်မံပြာကျခဲ့ရသည်ဟု သိရသည်။

ထန်တလန်မြို့ပေါ်ရှိ ဇုန်မုန်၊ စိုက်ပျိူးရေးနှင့် လုံတီာလ် စသည့်ရပ်ကွက် ၃ ခုတွင် စစ်ကောင်စီတပ်သားများ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယမန်နေ့ညနေပိုင်းကစ၍ မီးစတင်လောင်ကျွမ်းကာ တညလုံးလောင်ကျွမ်းပြီးနောက် စိန့်နိကောလပ်ဘုရားကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ် ၉၆ အိမ်ခြေ လောင်ကျွမ်းပြာကျခဲ့သည်ဟု Thantlang Placement Affairs Committee ၏ ထုတ်ပြန်ချက်အရသိရသည်။

ယမန်နေ့ညက လောင်ကျွမ်းသည့် ထန်တလန်မီးသည် နောက်တစ်နေ့မနက်ပိုင်းတွင် မီးငြိမ်းသွားခဲ့သော်လည်း ယနေ့မွန်းလွဲပိုင်း ၂ နာရီကျော်ကျော်ခန့်တွင် မီးပြန်လောင်ပြီး ယခုသတင်းရေးချိန်ထိဆက်လက်လောင်ကျွမ်းနေဆဲဟု သိရသည်။

အိမ်ခြေ နှစ်ထောင်ကျော်ခန့်ရှိသော ထန်တလန်မြို့တွင် ပြီးခဲ့သည့်စက်တင်ဘာလမှစ၍ ယနေ့ထိ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် ရှို့မီးကြောင့် လူနေအိမ်မီးလောင်ကျွမ်းမှု ၉ ကြိမ်မြောက်ရှိသွားပြီဖြစ်ကာ ဘုရားကျောင်း ၄ ကျောင်းအပါအဝင် အိမ်ခြေ ၃၅၀ ကျော်လောင်ကျွမ်းပြာကျခဲ့ပြီးဖြစ်သည်။

Khonumthung Burmese

ထန်တလန်မြို့တွင် ဘုရားကျောင်းတစ်ကျောင်း အပါအဝင် အိမ်ခြေ ၁၀၀ နီးပါး ထပ်မံလောင်ကျွမ်းပြာကျ ထန်တလန်မြို့တွင် ဘုရားကျောင်းတစ်ကျောင်း အပါအဝင် အိမ်ခြေ ၁၀၀ နီးပါး ထပ်မံလောင်ကျွမ်းပြာကျ Reviewed by THITHTOOLWIN on 21:19 Rating: 5

No comments:

Powered by Blogger.