မြောင်မြို့နယ်အတွင်းက ကျေးရွာအချို့ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး


မြောင်၊ နိုဝင်ဘာ ၂၀၊ ၂၀၂၁။

မြောင်မြို့နယ်အတွင်းက ကျေးရွာအချို့မှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး  မွှေနှောက်ရှာဖွေတာတွေအပြင် မီးရှို့ဖျက်ဆီးတာတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက ဘူးကိုင်းရွာ၊ ဆယ်ကျေးရွာ၊ ခေါင်းခွဲရွာ စတဲ့ကျေးရွာတွေမှာ  နိုဝင်ဘာ ၂၀ ရက် ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီတပ်သား ၅၀ လောက်က ဝင်‌ရောက်ရှာဖွေတာတွေအပြင် မီးရှို့ဖျက်ဆီးတာတွေလည်း လုပ်ခဲ့တာကြောင့်  ဆယ်ကျေးရွာက နေအိမ် ၁၀ လုံးမီးလောင်သွားတယ်လို့ ဒေသခံတဦး ကပြောပါတယ်။ 

"ထိပ်တိုက် တိုက်ပွဲတော့မဖြစ်သေးပါဘူး၊ ဒီနေ့မနက် မြောင်မြို့နယ် ဘူးကိုင်း၊ ဆယ်ရွာ၊ ခေါင်းခွဲရွာတွေကို ဝင်စီးပြီးတော့ ဆယ်ရွာမှာ မီးရှို့နေတယ်၊ အိမ် ၁၀ လုံးမီးရှို့ခံလိုက်ရပါတယ်၊" လို့‌ ဒေသခံတဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တမန်ဆေးရွာကို စစ်‌ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး ရှာဖွေတာတွေလုပ်ခဲ့သလို နိုဝင်ဘာ ၁၉ ရက် မနေ့ကလည်း ဘူးကိုင်းရွာက နွားစာတဲတွေကို မီးရှို့သွားတယ်လို့ သူကဆက်ပြောပါတယ်။ 

ခုရက်ပိုင်း မြောင်မြို့နယ်အတွင်းက  ဘူးကိုင်းရွာ၊ ဆယ်ကျေးရွာ၊ ခေါင်းခွဲရွာ၊ တမဆေးကန်ရွာ စတဲ့ရွာတွေကို စစ်တပ်ကမကြာခဏဆိုသလို ဝင်ရောက်စီးနင်းရှာဖွေတာတွေအပြင် မီးရှို့ဖျက်ဆီးတာတွေလည်းလုပ်နေတာကြောင့် ရွာသားတွေအနေနဲ့ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေဆီကသိရပါတယ်။ 

မြေလတ်အသံ - Myaelatt Athan 

မြောင်မြို့နယ်အတွင်းက ကျေးရွာအချို့ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး မြောင်မြို့နယ်အတွင်းက ကျေးရွာအချို့ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 18:24 Rating: 5

No comments:

Powered by Blogger.