မုံရွာမှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ဆေးမှုတွေရှိ


မုံရွာမြို့ထန်းတောရပ်မှာနေထိုင်တဲ့ စစ်ကောင်စီသတင်းပေးလို့ သတင်းထွက်သူ ဦးသန်းအောင်ဟာ နိုဝင်ဘာလ ၁၅ ရက်နေ့ မနက် ၇ နာရီကျော်က ထန်းတောဘောလုံးကွင်းအနီးမှာ သေနတ်နဲ့ ၅ချက် ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ မုံရွာဒေသခံတစ်ဦးက ပြောပါတယ်။

သူဟာ ဆိုင်ကယ်စီးလာပြီး ဆိုင်ကယ်ဒေါက်ထောက်နေတုန်း ပစ်သွားတာဖြစ်ကြောင်းနဲ့ သူဟာထွက်ပြေးဖို့ ကြိုးစားပေမယ့်လည်း အပစ်ခံလိုက်ရကြောင်းလည်း ရပ်ကွက်နေသူတွေကပြောပါတယ်။

သူအပစ်ခံရပြီးနောက် လူနာတင်ကားရောက်လာခဲ့ပြီး သူ့ကို သယ်သွားခဲ့ကြောင်းနဲ့ ပစ်ခတ်မှုဖြစ်တဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်နဲ့ရောက်ရှိလာခဲ့ပြီးတော့ အနီးပတ်ဝန်းကျင်မှာ စစ်ဆေးမှုအချို့လုပ်နေတယ်လို့လည်း မုံရွာဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့ ကျောက္ကာလမ်းမှာ စစ်ကားတစ်စီးရောက်နေပြီး ရပ်ကွက်အချို့မှာ ကင်းပုန်းဝပ်တာတွေရှိသလို မုံရွာပြည်ထောင်စုလမ်း ကန်သာယာထိပ်အနီးမှာလည်း ကားဆိုင်ကယ် တွေကို စစ်ဆေးမှုတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

BBC Burmese

မုံရွာမှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ဆေးမှုတွေရှိ  မုံရွာမှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ဆေးမှုတွေရှိ Reviewed by THITHTOOLWIN on 17:14 Rating: 5

No comments:

Powered by Blogger.