ကလေးဒေသခံကာကွယ်ရေးဆေးတပ်ဖွဲ့က အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီး အကြမ်းဖက် ဖက်ဆစ်စစ်တပ်က နားထင်တေ့ပစ်သတ်


နိုဝင်ဘာ၂၀

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မှာ နိုဝင်ဘာ၁၆ရက်နေ့က ကလေးဒေသခံကာကွယ်ရေးဆေးတပ်ဖွဲ့ကို အကြမ်းဖက်စစ်ကောင်စီမှ ဝင်ရောက်စီးနင်း ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါသည်။ 

အဲ့ဒီဖမ်းဆီးမှုမှာ အမျိုးသမီး၉ဦးကိုသာ ဓာတ်ပုံနှင့်တကွ ဖမ်းဆီးနိုင်ခဲ့သည်ဟု အွန်လိုင်းပေါ်မှာပြန်နှံ့ခဲ့ပေမယ့် အမျိုးသမီးတစ်ဦးကိုတော့ အဓမ္မပြုကျင့်ပြီး နားထင်တေ့ပစ်သ တ်ခဲ့သည့်သတင်းကိုတော့ ဖုံးကွယ်ထားပေမယ့် ပြည်သူ့သတင်းမီဒီယာ RNAမှ ဒီကနေ့မှာ သိရှိခဲ့ရပါတယ်။

ပစ်သ တ်ခဲ့ရသည့်အမျိုးသမီးကို အကြမ်းဖက်စစ်တပ်က အဓမ္မပြုကျင့်၍ သတင်းအမှောင်ချကာ အလောင်းကိုလည်းဖျောက်ထားခဲ့ပေမယ့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက တွေ့ရှိခဲ့သည်ဟုသိရသည်။

သေဆုံးသူကလေးဒေသခံကာကွယ်ရေးဆေးတပ်ဖွဲ့အမျိုးသမီး၏ရုပ်အလောင်းမှာ "အင်္ကျီ ရင်သားအထိပေါ်နေခြင်း၊ဘောင်းဘီကို ဗိုက်အထိလိပ်ထားခြင်း၊မျက်နှာတပြင်လုံးလည်း ဖူးယောင်မဲပုပ်ခြင်းနှင့် နားထင်မှာကျည်ထိမှန်ဒဏ်ရာကိုလည်း တွေရှိခဲ့သည်"ဟုသိရပါတယ်။

အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရသည့် အမျိုးသမီးမှာ အသက်၂၀ ဝန်းကျင်ခန့်ရှိသူတစ်ဦးဖြစ်ပြီး ကြိုတင်ကြံစည်မှုပြုလုပ်ကာ ဖမ်းဆီးခံရသည့် အမျိုးသမီး၉ဦးကိုတော့ ကလေးမြို့ ဒကစတပ်ထဲသို့ ခေါ်ဆောင်သွားကြောင်းသိရှိရပါတယ်။

ကလေးဒေသခံကာကွယ်ရေးဆေးတပ်ဖွဲ့မှ အမျိုးသမီး၉ဦး ဖမ်းဆီးခံရသည်ဟု သတင်းပြန်နှံ့ပြီးနောက် သူ့ကိုအခြားတစ်နေရာမှာ အဓမ္မပြုကျင့်ပစ်သတ်ခဲ့တာဖြစ်ပြီး အလောင်းကို တောတွင်းတစ်နေရာမှာ စောင်နှစ်ထပ်ဖြင့်အုပ်၍ အလောင်းဖျောက်ထားခဲ့သည်ဟု သိရပါတယ်။

ဒါ့အပြင် တောလိုက်ချင်းမုဆိုးတစ်ဦးကိုလည်း အကြောင်းမဲ့ဖမ်းဆီးကာ လည်လှီးသတ်ဖြတ်ခဲ့ပြီး ဖြစ်စဉ်နှစ်ခုလုံးကို သတင်းများဖုံးကွယ်ထားပေမယ့် ပြည်သူ့သတင်းမီဒီယာ RNAမှ သိရှိခဲ့ရပါသည်။


Regional News Agency -RNA

ကလေးဒေသခံကာကွယ်ရေးဆေးတပ်ဖွဲ့က အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီး အကြမ်းဖက် ဖက်ဆစ်စစ်တပ်က နားထင်တေ့ပစ်သတ် ကလေးဒေသခံကာကွယ်ရေးဆေးတပ်ဖွဲ့က အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီး အကြမ်းဖက် ဖက်ဆစ်စစ်တပ်က နားထင်တေ့ပစ်သတ် Reviewed by THITHTOOLWIN on 20:30 Rating: 5

No comments:

Powered by Blogger.