ဖားချောင်းကျေးရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့် ဝင်ရောက်


ရေဖြူ ၊ နိုဝင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူ မြို့နယ် ဖားချောင်းကျေးရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့် ထပ်မံဖြည့်တင်းလာပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဖားချောင်းကျေးရွာက စစ်ကောင်စီသတင်းပေး တစ်ဦးအသတ်ခံရမှုနဲ့စစ်ဆေးဖို့လာတဲ့ စစ်ကောင်စီကားတွေကို တောင်းရင်းအင်းကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာတွေကြောင့် လုပ်ဆောင်သူတွေကို ရှင်းလင်းဖို့ အင်အားဖြည့် လာတာဖြစ်တယ်လို့ ဆိုပါတယ်။

"မနေ့ညနေကတည်းက ကား ၁၄ စီးနဲ့ အင်အားဖြည့်ရောက်တယ်။ ဒီမနက်မှာ ကံပေါက်ကနေ ၂ စီးထပ်ဝင်လာတယ်။ သူတို့က လောလောဆယ် တပ်ဖြန့်ထားတဲ့အခြေနေရှိတယ်။ သူတို့က စစ်ကြောင်းထိုးမယ့်ပုံဘဲ။ သူတို့သွားလာဖို့  ရွာသားတွေကို အကူအညီတောင်းတာတွေရှိတယ်။ ဘယ်နေရာကို စစ်ကြောင်းထိုးမယ်ဆိုတာတော့ မသိသေးဘူး။ ''လို့ ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းနဲ့နိုဝင်ဘာလ ၁၉ ရက်နေ့ ညတွေမှာ စုစုပေါင်း ကား ၁၆ စီးနဲ့ အင်အား ၂၀၀ လောက် ဖြည့်လာတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တောင်းရင်းအင်းကျေးရွာစာသင်ကျောင်း၊ ဖားချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့မှာ တပ်စွဲထားပါတယ်။

ဒါအပြင် ကရင်ထဘီကျေးရွာနဲ့မြေခဲတောင်အနီးဝန်းကျင်ကင်းလှည့်နေတာမျိုးရှိသလို ကင်းပုန်းတွေချထားတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အား အများအပြားနဲ့ ဝင်လာတာကြောင့် တောင်းရင်းအင်းနဲ့ဖားချောင်းကျေးရွာက ဒေသခံ အများစုက စိုးရိမ်နေပြီး အချို့မှာ နေအိမ်တွေကနေ စွန့်ခွာသူတွေရှိနေတယ်လို့ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ် / Than Lwin Times 

ဖားချောင်းကျေးရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့် ဝင်ရောက် ဖားချောင်းကျေးရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့် ဝင်ရောက် Reviewed by THITHTOOLWIN on 18:15 Rating: 5

No comments:

Powered by Blogger.