ဗန်းမော်မြို့ မီးပွိုင့်အနီး ရဲတစ်ဦး သေနတ်ပစ်ခံရ


ယနေ့ နံနက် ၉နာရီဝန်းကျင် ဗန်းမော်မြို့ Y2Kမီးပွိုင့်အနီး ရဲတစ်ဦး သေနတ်ပစ်ခံရကြောင်း ကနဦးသတင်းအရသိရသည်။

"ဒီမနက် သေနတ်ပစ်ခံရတဲ့ ရဲက ညာဘက်မျက်လုံးမှာ ထိသွားတယ်လို့ သိရတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

ပစ်ခံရသည့် ရဲသည် Y2K မီးပွိုင့်တွင် ကင်းစောင့်နေသူဖြစ်ပြီး အမည်မသိ ဆိုင်ကယ်စီးသူ နှစ်ဦးမှ ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဗန်းမော်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလမှစကာ မြို့တွင်း ဗုံးဖောက်ခွဲမူ ၂ကြိမ်တိတိရှိခဲ့သည်။

Kachin News Group 

ဗန်းမော်မြို့ မီးပွိုင့်အနီး ရဲတစ်ဦး သေနတ်ပစ်ခံရ ဗန်းမော်မြို့ မီးပွိုင့်အနီး ရဲတစ်ဦး သေနတ်ပစ်ခံရ Reviewed by THITHTOOLWIN on 17:27 Rating: 5

No comments:

Powered by Blogger.