ရေးမြို့နယ် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူးကား တိုက်ခိုက်ခံရ ၊ တစ်ဦးသေ တစ်ဦး ဒဏ်ရာရ


မော်လမြိုင်၊ နိုဝင်ဘာ ၂၅

မော်လမြိုင်ကနေ ဘဏ်ငွေထုတ်ပြီးပြန်လာတဲ့ ရေးမြို့နယ် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူးကား နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က ခြုံခိုတိုက်ခိုက်ခံမှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ငွေထုတ်ပြီးပြန်လာတဲ့ ဒုမြို့နယ်မှူးကားအပါအဝင်ကားနှစ်စီးကို လမိုင်းမြို့ အောင်သာယာကျေးရွာအနီး အဝေးပြေးကားလမ်းမကြီးမှာ လက်နက်ကိုင်အဖွဲ့တစ်ခုမှ ခြုံခိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

" မော်လမြိုင်ကနေ ဘဏ်ငွေထုတ်ပြီးပြန်လာတဲ့ ရေးမြို့နယ်ဒုတိယမြို့နယ်မှူးကား လမ်းမှာ သေနတ်နဲ့ပစ် တိုက်ခိုက်ခံရတာ၊ ဘယ်အဖွဲ့က တိုက်ခိုက်တာတော့ မသိသေးဘူး၊ ၁ ဦးပွဲချင်းပီသေတယ်၊ တစ်ဦးက ဒဏ်ရာပြင်းထန်တယ်။ ကျန်တဲ့သူတွေက နည်းနည်းပါပါးဒဏ်ရာရထားတယ်" လို့ ဒေသခံတစ်ဦးက အတည်ပြု ပြောပါတယ်။ 

ပွဲချင်းပြီးသေဆုံးသူမှာ ဒုမြို့နယ်မှူးယာဉ်မောင်းဖြစ်ပြီး ပြင်းထန်ဒဏ်ရာရှိထားတဲ့ ရဲတပ်သားကိုတော့ လမိုင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့တွေက ရန်ကုန် - ထားဝယ်အပြေးကားလမ်းမကြီး ကနင်ကမော့စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာခွင့်ကို ည ၈ နာရီအထိ ပိတ်ထားပြီး ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်း - သံလွင်တိုင်းမ် / Than Lwin Times 

ရေးမြို့နယ် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူးကား တိုက်ခိုက်ခံရ ၊ တစ်ဦးသေ တစ်ဦး ဒဏ်ရာရ ရေးမြို့နယ် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူးကား တိုက်ခိုက်ခံရ ၊ တစ်ဦးသေ တစ်ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 10:51 Rating: 5

No comments:

Powered by Blogger.