ချင်းပြည်နယ် ၄ မြို့နယ်တွင် စာသင်ကျောင်းဖွင့်လှစ်ပြီး ကျောင်းသူ/သား တစ်သောင်းကျော်တက် ရောက်



ခိုနူမ်းသုန်သတင်း၊ ၁၃ နိုဝင်ဘာ ၂၀၂၁

နိုဝင်ဘာလ ၁ ရက်နေ့ကစ၍ စစ်ကောင်စီမှ စာသင်ကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ရာ ချင်းပြည်နယ်တွင်လည်း မြို့နယ် ၄ မြို့နယ် တွင် အခြေခံပညာကျောင်းများဖွင့်လှစ်ပြီး ကျောင်းသူ/သား တစ်သောင်းကျော် ကျောင်းတက်ရောက်ကြောင်းသိရသည်။

“ အခုက တစ်သောင်းကျော်ပဲရှိတယ်၊ ခါတိုင်းက ပုံမှန်တက်တယ်ဆိုရင်တော့ တစ်သိန်းသုံးသောင် ကျော်လောက်ရှိတယ်။ မနှစ်ကလည်း ကျောင်းမတက်တော့ ကျောင်းသားမရှိ၊ ဒီနှစ်လည်း ဒီအတိုင်းပဲဒီလိုပဲဖြစ်နေတယ်” ဟု ချင်းပြည်နယ် ပညာရေးရုံးမှအမည်မဖော်လိုသူဝန်ထမ်း တစ်ဦးကပြောသည်။

ချင်းပြည်နယ်တွင် မြို့နယ်အလိုက်ကျောင်းတက်ရောက်မှုမှာ တီးတိန် မြို့နယ်တွင် ကျောင်းသား ၁၇၈၂ ဦး၊ တွန်းဇံမြို့နယ်တွင် ၄၂၈၉ ဦး၊ မတူပီမြို့နယ်တွင် ၁၇ ဦးနှင့် ပလက်ဝမြို့ နယ်တွင် ၄၉၆၃ ဦးရှိပြီး မင်းတပ်၊ ကန်ပက်လက်၊ ထန်တလန်၊ ဟားခါး၊ ဖလမ်းမြို့နယ်တို့တွင်မူ ကျောင်းတက်ရောက်သူ မရှိကြောင်းသိရသည်။

ချင်းပြည်နယ်တွင် ယခင်ပညာသင်နှစ်စာရင်းများအရ ကျောင်းသူကျောင်းသာစုစုပေါင်း တစ်သိန်းဝန်းကျင်ခန့်ရှိရာတွင် စစ်ကောင်စီက နိုဝင်ဘာလ ၁ရက်နေ့ပြန်ဖွင့်လှစ်ချိန်ပေးချိန်တွင်မူ ကျောင်းသူကျောင်းသား ၁၁၀၅၁ ဦးသာ တက်ရောက်နိုင်သည်ဟု ချင်းပြည်နယ်၊ မြို့နယ်ပညာရေးဌာနမှ သိရသည်။

Khonumthung Burmese 

ချင်းပြည်နယ် ၄ မြို့နယ်တွင် စာသင်ကျောင်းဖွင့်လှစ်ပြီး ကျောင်းသူ/သား တစ်သောင်းကျော်တက် ရောက် ချင်းပြည်နယ် ၄ မြို့နယ်တွင် စာသင်ကျောင်းဖွင့်လှစ်ပြီး ကျောင်းသူ/သား တစ်သောင်းကျော်တက် ရောက် Reviewed by THITHTOOLWIN on 08:48 Rating: 5

No comments:

Powered by Blogger.