တကူကျေးရွာ ယာယီစျေးက စျေးသည်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မောင်းထုတ်


တနင်္သာရီ၊ နိုဝင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာက သံတိုက်ယာယီစျေးမှာ စျေးရောင်းချနေတဲ့ စျေးသည်တွေကို နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ဆက်လက်စျေးမရောင်းချဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်မောင်းထုတ်ခဲ့တယ်လို့ သိရပါတယ်။

ယနေ့မနက် ၆ နာရီကျော်ခန့်မှာ တကူအထက်တန်းကျောင်းရှေ့မှာ ဖွင့်လှစ်ထားတဲ့ ယာယီစျေးက စျေးသည်တွေကို စျေးမရောင်းဘဲ အိမ်ပြန်ကြဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သေနတ်ပြ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

"စျေးဆက်မရောင်းဖို့ အိမ်ပြန်ကြဖို့ လာပြောတယ်။ ကျောင်းရှေ့မှာ စျေးရှိတာကို မလိုလားလို့လား။ ဘာကြောင့်ဆိုတာမသိရဘူး။ လာမောင်းထုတ်သွားတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း ယာယီစျေးသည်တွေထံက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ငွေတောင်းလို့ တစ်ဆိုင်ကို ၅၀၀၀ ကျပ်နှုန်းနဲ့ပေးခဲ့ရသေးတယ်လို့ သိရပါတယ်။

အဆိုပါစျေးမှာ ကိုဗစ်ကပ်ရောဂါကြောင့် တကူးရွာ စျေးကြီးထဲကနေ ပျံကျစျေးသယ်တွေကို ခွဲထုတ်ရောင်းချစေခဲ့တဲ့ နေရာဖြစ်ပြီး လတ်တလောမှာ စျေးရောင်းချသူ ၂၀ ဦးကျော်ခန့်သာရှိတယ်လို့ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ် - Than Lwin Times 

တကူကျေးရွာ ယာယီစျေးက စျေးသည်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မောင်းထုတ် တကူကျေးရွာ ယာယီစျေးက စျေးသည်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မောင်းထုတ် Reviewed by THITHTOOLWIN on 20:31 Rating: 5

No comments:

Powered by Blogger.