လှိုင်သာယာမြို့နယ် အမှတ်(၂၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး သေနတ်ဖြင့်ပစ်ခတ်ခံရ


(နိုဝင်ဘာလ ၁၈ ရက်)

ရန်ကုန်တိုင်း၊ လှိုင်သာယာယာမြို့နယ်၊ အနော်ရထာလမ်းမကြီးပေါ်ရှိ အမှတ်(၂၀)ရပ်ကွက်အုပ်ချုပ်ရေးကို ဒီကနေ့ ညနေ့ (၅:၀၀) ဝန်းကျင်ခန့်က သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် ရုံးတွင်းရှိ အမျိုးသား (၂)ဦး၊ အမျိုးသမီး (၁)ဦး ထိမှန်ခဲ့၍ (မစိုးရိမ်ရ) ဒဏ်ရာများအသီးသီး ရရှိခဲ့ကြောင်းသိရပြီး အမျိုးသမီးမှာ မီးသတ်တပ်ဖွဲ့ဟုသိရသော်လည်း အမျိုးသား (၂)ဦးကိုတော့ဘယ်သူ ဘယ်ဝါဆိုတာ မသိရှိရသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အမြောက်အများရောက်ရှိလာပြီး လမ်းပိတ်တာဆီးကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး ပစ်ခတ်ခံရသူများကိုလည်း လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းသိရှိရပါသည်။

HTY Information

လှိုင်သာယာမြို့နယ် အမှတ်(၂၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး သေနတ်ဖြင့်ပစ်ခတ်ခံရ လှိုင်သာယာမြို့နယ် အမှတ်(၂၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး သေနတ်ဖြင့်ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 22:51 Rating: 5

No comments:

Powered by Blogger.