မြောင်မြို့နယ်၌ စစ်သတင်းပေးနှင့် ပျူစောထီးဟုဆိုသူ စုစုပေါင်း(၄၄)ယောက် အသတ်ခံရ

Photo : CDSOM (မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ဝင်များ)


မြောင်၊ နိုဝင်ဘာ ၁၂

လူငယ့်ခေတ်

ကျေးရွာပေါင်း (၂၄) ရွာမှ စစ်တပ်သတင်းပေးနှင့် ပျူစောထီးဟုဆိုသူ စုစုပေါင်း (၄၄ )ယောက်ကို သုတ်သင်ခဲ့သည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။

ယင်းစာရင်းများသည်  မေလမှ နိုဝင်လာလ (၅)ရက် အထိဖြစ်ပြီး အမည်စာရင်း အတိအကျကို ထုတ်ပြန်ပေးသွားမည်မဟုတ်ဟု ဆိုသည်။

အဆိုပါပုဂ္ဂိုလ်များကို  စစ်ဆေးအတည်ပြုပြီး သတိပေးစာများ အတန်တန် ပေးပို့ခဲ့သော်လည်း တားဆီးမရသည့်အတွက် ညီနောင်မဟာမိတ်အဖွဲ့အစည်းများဖြင့်ပူးပေါင်း သုတ်သင်ခဲ့ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထိုသတင်းပေးများကြောင့် ရွာပေါင်း(၃၀)နီးပါးမှ ကလေးသူငယ်များအပါအဝင် ‌ရွာသူရွာသားပေါင်း ၄၄,၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။


Lu Nge Khit


မြောင်မြို့နယ်၌ စစ်သတင်းပေးနှင့် ပျူစောထီးဟုဆိုသူ စုစုပေါင်း(၄၄)ယောက် အသတ်ခံရ မြောင်မြို့နယ်၌ စစ်သတင်းပေးနှင့် ပျူစောထီးဟုဆိုသူ စုစုပေါင်း(၄၄)ယောက် အသတ်ခံရ Reviewed by THITHTOOLWIN on 19:31 Rating: 5

No comments:

Powered by Blogger.