ပုသိမ်က တပ်ထဲမှာ ပေါက်ကွဲမှုဖြစ်


ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ထဲက အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)မှာ နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ပုသိမ်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပေါက်ကွဲမှုအသံကို ၄ မိုင်လောက် ဝေးတဲ့ ပုသိမ်မြို့က ကြားခဲ့ရတယ်လို့လည်း အဲ့ဒီမြို့ခံက ပြောပါတယ်။

ပုသိမ်မြို့အနီး သရက်ကုန်းကျေးရွာမှာရှိတဲ့ အမှတ် ၉၀၇ စစ်မြေပြင်အင်ဂျင်နီယာတပ်ထဲမှာ လက်နက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ တပ်မိသားစုဝင်တွေဆီက တစ်ဆင့်သိရကြောင်းလည်း သူကပြောပါတယ်။

လက်နက်တွေသိုလှောင်ထားတဲ့ ဗဟိုကင်း လက်နက်တိုက်ထဲမှာ ပေါက်ကွဲခဲ့တာလို့ ပြောကြသလို စက်ပစ္စည်းတစ်ခု ပေါက်ကွဲတာလို့ ပြောပေမယ့် စစ်ကောင်စီဘက် သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

မနက် ၉ နာရီ ၄၅ လောက်မှာ ပေါက်ကွဲမှု ဖြစ်ပွားတဲ့အသံကိုကြားရပေမယ့် ထိခိုက်သေဆုံးမှုအခြေအနေတွေကို သေချာမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ဒေသခံတွေကို စစ်တပ်ဌာနချုပ်ထဲကို ဝင်ရောက်သွားလာခွင့်ကို ပိတ်လိုက်ပြီး လာသမျှ လူတွေနဲ့ ယာဉ်တွေကို ပြန်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

BBC Burmese

ပုသိမ်က တပ်ထဲမှာ ပေါက်ကွဲမှုဖြစ် ပုသိမ်က တပ်ထဲမှာ ပေါက်ကွဲမှုဖြစ် Reviewed by THITHTOOLWIN on 07:14 Rating: 5

No comments:

Powered by Blogger.