စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

လှိုင်းဘွဲ့မြို့နယ်အောက်ဆီဂျင်စက်ရုံဖွင့်ပွဲမှာ မိန့်ခွန်းပြောနေတဲ့ ဦးစောမြင့်ဦး

လှိုင်းဘွဲ့၊ နိုဝင်ဘာ ၂၁

အာဏာသိမ်းစစ်ကောင်စီရဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး လိုက်ပါစီးနင်းလာတဲ့ယာဉ်တန်းဟာ ဘားအံ-လှိုင်းဘွဲ့လမ်းပေါ် တနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ 

ဒီကနေ့ မနက် ၁၁ နာရီအချိန်ခန့်က ဘားအံ-လှိုင်းဘွဲလမ်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အနည်းဆုံးကား(၂)စီးထိခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လူထိခိုက်မှုအခြေအနေကိုတော့ သံလွင်တိုင်းမ်မှ ဆက်လက်စုံစမ်းနေပါတယ်။

စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးဟာ ဒီကနေ့မနက်ပိုင်းက လှိုင်းဘွဲမြို့မှာ ပြုလုပ်ခဲ့တဲ့ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ဖွင့်လှစ်ဖို့ သွားရောက်ခဲ့တာဖြစ်ပြီး လှိုင်းဘွဲကနေ ဘားအံအပြန်မှာ လမ်းမှာ အခုလို မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာမသိရသေးသော်လည်း လက်ရှိမှာတော့ ဘားအံ၊ လှိုင်းဘွဲ့လမ်းအဝင်အထွက်မှာ စစ်ဆေးမှုတွေ တင်းကြပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

သတင်း - သံလွင်တိုင်းမ် - Than Lwin Times 


စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 20:30 Rating: 5

No comments:

Powered by Blogger.