မြင်းမူမှာ စစ်ကောင်စီယာဥ်တန်း နှစ်ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံရ


မြင်းမူ၊ နိုဝင်ဘာ ၂၄၊၂၀၂၁။

မြင်းမူမြို့နယ်အတွင်းမောင်းနှင်လာတဲ့ စစ်ကောင်စီယာဥ်တန်း ၄စီးကို  နိုဝင်ဘာ ၂၄ရက် ဒီနေ့တစ်ရက်တည်းမှာပဲ နှစ်ကြိမ်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Defence Force -MMU အဖွဲ့ဆီကသိရပါတယ်။ 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာနဲ့ ဘိုမင်းကြီးကင်းရွာကြားမှာ ဒီနေ့မနက် ၇နာရီခွဲလောက်မှာ ပထမအကြိမ်မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ၉နာရီခွဲလောက်မှာ အလ္လက္ကပ္ပကျေးရွာနဲ့ ဝမ်းပြည့်ကျေးရွာကြားမှာ ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့  Black Eagle Defence Force -MMU ရဲ့တာဝန်ရှိသူတစ်ဦးက မြေလတ်အသံကိုပြောပါတယ်။ 

“ နှစ်ကြိမ်တိုက်ခိုက်ခဲ့တာပါ၊ ကားလေးစီးမှာ ပထမအကြိမ်မှာ ၂စီး ၊ ဒုတိယအကြိမ်မှာ ၂စီးထိတယ်၊ ကျနော်တို့ဘက်က တဖက်ပွင့်ပြောင်းကြီးတွေနဲ့ပါပစ်တယ်၊ သူတို့ဘက်ကလည်း ပြန်ပစ်တာတွေရှိတယ်၊ သူတို့ဘက်ကတော့ သေဆုံးမှုများနိုင်တယ်၊အတိအကျတော့မသိရသေးဘူး “ လို့ သူကဆက်ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို မြင်းမူမြို့   Black Eagle Defence Force -MMU အဖွဲ့ကဦးဆောင်ကာ Myin Mu Defence Force-MMDF ၊ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ People's Defence Force Myinmu-MMPDF၊မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီကား ၄စီးပျက်ဆီးသွားခဲ့ပြီး အဲ့ဒိကားတွေပေါ်မှာ ပါလာတဲ့စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်မှုနဲ့ သေဆုံးသူအရေအတွက်အတိအကျကိုတော့ မြေလတ်အသံအနေနဲ့ ဆက်လက်စုံးစမ်းနေဆဲဖြစ်ပါတယ်။ 

Black Eagle Defence Force -MMU ဟာ မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး မြင်းမူမြို့နယ်အတွင်းက စစ်ကောင်စီဒေါက်တိုင် မိုင်တဲတာဝါတိုင်တွေကို ဖောက်ခွဲဖျက်စီးတာတွေအပြင် စစ်ကောင်စီတပ်သားတွေကိုလည်း မိုင်းဆွဲတိုက်ခိုက်မှုတွေကို အခုရက်ပိုင်းမှာ အားကောင်းကောင်းနဲ့လုပ်ဆောင်လျှက်ရှိနေပါတယ်။ 

မြေလတ်အသံ - Myaelatt Athan 

မြင်းမူမှာ စစ်ကောင်စီယာဥ်တန်း နှစ်ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံရ မြင်းမူမှာ စစ်ကောင်စီယာဥ်တန်း နှစ်ကြိမ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 21:47 Rating: 5

No comments:

Powered by Blogger.