တနင်္သာရီဝန်ကြီးချုပ် ဦးမြင့်မောင်ကို အလုပ်နဲ့ ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်


ထားဝယ်၊ နိုဝင်ဘာလ ၁၁

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်ကို ထားဝယ်အကျဉ်းထောင် အထူးတရားရုံးမှ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အလုပ်နဲ့ထောင်ဒဏ် ၁၁ နှစ် ကျခံရန်အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဦးမြင့်မောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ တို့နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

ယနေ့မှာ  တရားစွဲဆိုခံထားရတဲ့ ပုဒ်မတွေနဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်ကို အမိန်ချမှတ်ခဲ့ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပြည်သူ့ဝန်ထမ်းက ရာဇဝတ်မှုမကင်းသော ယုံကြည်အပ်နှံဖောက်ဖျက်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉နဲ့ ထောင်ဒဏ် ၇ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် အမိန့်ချခံရတာဖြစ်ပါတယ်။ 

"ဟုတ်ပါတယ် အမိန့်ချခံရတာက။ အမှု ၃ ခုနဲ့ စုစုပေါင်း ထောင် ၁၁ နှစ် အမိန်ချခံရတာပါ။ အယူခံတက် မတက်ဆိုတာတော့ ဝန်ကြီးချုပ်  မိသားစုနဲ့အဆက်သွယ်မရသေးတော့ သေချာမပြောနိုင်သေးဘူး''လို့ ဦးမြင့်မောင်နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီ အာဏာသိမ်းပြီး နံနက်ပိုင်းမှာ ဝန်ကြီးချုပ်ဦးမြင့်မောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး ရက်အနည်းငယ်အကြာမှာ နေအိမ်အကျယ်ချုပ် ထားရှိခဲ့ပါတယ်။

၎င်းနောက်ပိုင်း ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ ပြန်လည်ဖမ်းဆီးခေါ်ဆောင်ခံရပြီး ထားဝယ်ရဲစခန်းမှာ အမှုဖွင့်ခံရတာဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်မ်း

တနင်္သာရီဝန်ကြီးချုပ် ဦးမြင့်မောင်ကို အလုပ်နဲ့ ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ် တနင်္သာရီဝန်ကြီးချုပ်  ဦးမြင့်မောင်ကို အလုပ်နဲ့ ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ် Reviewed by THITHTOOLWIN on 19:25 Rating: 5

No comments:

Powered by Blogger.