မြောက်ဒဂုံမြို့နယ်၊ ထားဝယ်ချောင်ရဲစခန်း ဗုံးခွဲတိုက်ခိုကခံရ


၂၀၂၁ ခုနှစ်၊ နိုဝင်လာလ (၁၆) ရက်နေ့ ညနေ ၆နာရီ ၂၀မိနစ်ခန့်တွင် ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်၊ ထားဝယ်ချောင်ရဲစခန်း အတွင်း၌ မိမိတို့ ဗမာ့ဇာမဏီအဖွဲ့ Burma Phoenix Organization - BPO နှင့် Yangon Detonation Unit - YDU အဖွဲ့တို့ ပူးပေါင်းစစ်ဆင်ရေးတစ်ရပ်အနေဖြင့် ဗုံးတစ်လုံးဖောက်ခွဲခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများရှိကြောင်း သိရပါသည်။ (သေဆုံးမှုရှိမရှိအတည်မပြုနိုင်သေးပါ) 

၎င်းနောက် ၆နာရီခွဲခန့်တွင် ထိုစခန်းအတွင်းမှ ထွက်ခွာလာသည့်ယာဉ်တန်းအား အဝေးထိန်းမိုင်းဖြင့် ထပ်မံဖောက်ခွဲခဲ့ရာ ယာဉ်ပေါ်ပါ အကြမ်းဖက်စစ်ကောင်စီ ရဲတပ်သားများ အပြင်းအထန်ဒဏ်ရာရှိခဲ့ပါသည်။ 

မိမိတို့ ဗမာ့ဇာမဏီအဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီအား ကျဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီအား တော်လှန်နေသည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို အတူပူးပေါင်း လက်တွဲသွားမည်ဖြစ်သည်။ 

*အရေးတော်ပုံအောင်ရမည်*

*တော်လှန်ရေးအင်အားစုများအဓွန့်ရှည်ပါစေ* 

ဗမာ့ဇာမဏီအဖွဲ့ 

စည်းရုံးရေးနှင့်ပြန်ကြားရေး ကော်မတီ 

Burma Phoenix Organization - BPO

မြောက်ဒဂုံမြို့နယ်၊ ထားဝယ်ချောင်ရဲစခန်း ဗုံးခွဲတိုက်ခိုကခံရ  မြောက်ဒဂုံမြို့နယ်၊ ထားဝယ်ချောင်ရဲစခန်း ဗုံးခွဲတိုက်ခိုကခံရ Reviewed by THITHTOOLWIN on 00:31 Rating: 5

No comments:

Powered by Blogger.