မန္တလေး နန်းရှေ့ အမှတ်(၁)ရဲစခန်းရှေ့ ဗုံးပေါက်ကွဲ၊ အောင်မြေသာစံတွင် ပြည်ခိုင်ဖြိုးပါတီဝင် စကစ သတင်းပေးဒလန်ဆိုသူတစ်ဦး ပစ်ခတ်ခံရ၊

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် မန္တလေး အမှတ်(၁) ရဲစခန်း/ Photo - ပေးပို့

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် နန်းရှေ့ ၁၉ လမ်းပေါ်ရှိ အမှတ်(၁)ရဲစခန်းတွင် ယနေ့ နိုဝင်ဘာ (၃၀)ရက် ညနေပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး ပစ်ခတ်သံများလည်း ကြားရကြောင်း ဒေသခံများက MFP သို့ ပြောသည်။

ယနေ့ ညနေ(၆)နာရီကျော်အချိန်က အဆိုပါ ရဲစခန်းရှေ့၌ ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ထိခိုက်သူ မရှိဟု ဆိုသည်။

ထို့အပြင် ယနေ့ ညနေ(၄)နာရီဝန်းကျင်က မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ ၅ လမ်းနှင့် ၇၆ လမ်းအနီးတွင် နေထိုင်သော စစ်ကောင်စီ သတင်းပေးဒလန်ဟု အမည်ထွက်သူ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံရသည်ဟု ဒေသခံများက MFP သို့ ပြောသည်။

အဆိုပါ ပစ်ခတ်ခံရသူသည် အသက်(၆၀)ကျော်အရွယ် ဖြစ်ပြီး ကြွေဝိုင်းတွင် ကြွေပစ်နေစဉ် ဆိုင်ကယ်ဖြင့် လာရောက်သူများက ပစ်ခတ်ခဲ့ရာ နောက်ကျောမှ ဆီးခုံဖောက်ထွက် သေနတ်မှန် ဒဏ်ရာအပါအဝင် ဒဏ်ရာသုံးချက် ရရှိပြီး အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ်အခြေအနေများ မသိရသေးပါ။


Mandalay Free Press - MFP

မန္တလေး နန်းရှေ့ အမှတ်(၁)ရဲစခန်းရှေ့ ဗုံးပေါက်ကွဲ၊ အောင်မြေသာစံတွင် ပြည်ခိုင်ဖြိုးပါတီဝင် စကစ သတင်းပေးဒလန်ဆိုသူတစ်ဦး ပစ်ခတ်ခံရ၊ မန္တလေး နန်းရှေ့ အမှတ်(၁)ရဲစခန်းရှေ့ ဗုံးပေါက်ကွဲ၊ အောင်မြေသာစံတွင် ပြည်ခိုင်ဖြိုးပါတီဝင် စကစ သတင်းပေးဒလန်ဆိုသူတစ်ဦး ပစ်ခတ်ခံရ၊ Reviewed by THITHTOOLWIN on 20:41 Rating: 5

No comments:

Powered by Blogger.