ဖမ်းထားတဲ့ ထားဝယ်တက္ကသိုလ်ကျောင်းသူ တစ်ဦးကို စစ်ကောင်စီ ပြန်လွှတ်ပေး


နိုဝင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ထားဝယ်တက္ကသိုလ်ကျောင်းသူ မမြတ်ဆုမွန်ကို ဒီကနေ့ နိုဝင်ဘာ ၁၄ ရက် မနက် ၁၁ နာရီခန့်မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ထားဝယ်တက္ကသိုလ် အရှေ့တိုင်းပညာဌာန၊ ပထမနှစ်ကျောင်းသူ မမြတ်ဆုမွန်ဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်ဆိုပြီး နိုဝင်ဘာ ၁၂ ရက်၊ ည ၁၀ နာရီခန့်မှာ အဒေါ်ဖြစ်သူရဲ့ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကလည်း ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဒုတိယဥက္ကဋ္ဌ မသီရိမိုးကို လာရောက်ဖမ်းဆီးခဲ့ပြီး သူ့ကိုနေအိမ်မှာမတွေ့လို့ မိခင်နဲ့ ညီမဖြစ်သူတို့ကို ဖမ်းဆီးသွားခဲ့ပါတယ်။

ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ မသီရိမိုးက သူ့ရဲ့ ညီမဖြစ်သူ နိုဝင်ဘာလ ၁၀ ရက်နေ့က ပြန်လွတ်လာပေမဲ့ သူ့မိခင်ကို စစ်ကောင်စီက ဆက်လက် ဖမ်းဆီးထားပြီး စစ်ကြောရေးမှာပဲ ဆက်ရှိနေသေးတဲ့ အတွက် အလွန် စိုးရိမ် မိတယ်လို့ ပြောပါတယ်။

ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄-ခ(က) နဲ့ စစ်တရားရုံးမှာ ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင်ပြီးခဲ့တဲ့ နိုဝင်ဘာ (၃)ရက်ကလည်း ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကိုစည်သူအောင်တင်ကို ထောင်ဒဏ် (၁၀)နှစ် ချမှတ်ထားခဲ့တာဖြစ်ပါတယ်။

BBC Burmese 

ဖမ်းထားတဲ့ ထားဝယ်တက္ကသိုလ်ကျောင်းသူ တစ်ဦးကို စစ်ကောင်စီ ပြန်လွှတ်ပေး ဖမ်းထားတဲ့ ထားဝယ်တက္ကသိုလ်ကျောင်းသူ တစ်ဦးကို စစ်ကောင်စီ ပြန်လွှတ်ပေး Reviewed by THITHTOOLWIN on 20:06 Rating: 5

No comments:

Powered by Blogger.