စစ်ကောင်စီ လက်အောက်ခံ BGF စီးနင်းဖျက်ဆီးခဲ့သည့် ဖလံတောင်တိုက်နယ်ဆေးရုံ အပျက်အစီးများ KNU ထုတ်ပြန်


အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းပြီး ဖျက်ဆီးခဲ့သည့် ဖလံတောင် တိုက်နယ်ဆေးရုံ အပျက်အစီး ဓာတ်ပုံများကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ရက်က BGF တပ်ဖွဲ့များသည် ဘားအံမြို့နယ် ဖလံတောင်ကျေးရွာရှိ ၁၆ကုတင်ဆံ့ တိုက်နယ်ဆေးရုံကို ဝင်ရောက် စီးနင်းကာ ဆေးရုံမှ ဆေးဝါးပစ္စည်းမျး၊ လူနာအသုံးအဆောင် ပစ္စည်းများ သိမ်းယူကာ ဆေးရုံ၌ တပ်စွဲထားကြောင်း KNUက ထုတ်ပြန်ထားသည်။ BGFတပ်များ ဝင်စီး၍ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ တိမ်းရှောင်ခဲ့ရကြောင်း၊ ထို့ပြင် ဆေးရုံ ပြတင်းပေါက်နှင့် မှန်တံခါးများကို ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။

ယနေ့ ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ပြတင်းပေါက်များသာမက ဆေးရုံအတွင်းရှိ ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် ဆေးရုံတွင်းရှိ ပစ္စည်းများ ဖရိုဖရဲ ပြန့်ကြဲနေသည်ကို တွေ့ရသည်။

ထို့ပြင် “ CDM မဟုတ် မပြေးနဲ့ ဒေါက်တာ” ဟု ရေးသားထးသည်ကိုလည်း တွေ့ရသည်။

စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ BGFတို့သည် KNU ထိန်းချုပ်နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေပြီး ဒေသခံများကို ဖမ်းဆီးခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများလည်း ပြုလုပ်နေကြောင်း KNUက ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ရေးလှုပ်ရှားမှုများကြောင့် KNU နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားလျက်ရှိသည်။


People's Spring 

စစ်ကောင်စီ လက်အောက်ခံ BGF စီးနင်းဖျက်ဆီးခဲ့သည့် ဖလံတောင်တိုက်နယ်ဆေးရုံ အပျက်အစီးများ KNU ထုတ်ပြန် စစ်ကောင်စီ လက်အောက်ခံ BGF စီးနင်းဖျက်ဆီးခဲ့သည့်  ဖလံတောင်တိုက်နယ်ဆေးရုံ အပျက်အစီးများ KNU ထုတ်ပြန် Reviewed by THITHTOOLWIN on 00:10 Rating: 5

No comments:

Powered by Blogger.