ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
ရက်စွဲ ၊ ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလ ၇ ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အထူးတပ်ဖွဲ့များနှင့်
ပတ်သက်သော ညွှန်ကြားချက်
ညွှန်ကြားချက်အမှတ် ၃ / ၂၀၂၁
ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံးသည် စစ်မြေပြင်တွင် အောက်ပါစည်းမျဉ်း စည်းကမ်းများ ကို တိကျစွာလိုက်နာရမည်။
( ၁ ) အထက်အမိန့်ကိုနာခံပါ။
( ၂ ) မိမိတပ်ဖွဲ့အပေါ် သစ္စာရှိပါ။
( ၃ ) မိမိလက်နက်ကို မိမိအသက်ကဲ့သို့ တန်ဖိုးထားပါ။
( ၄ ) အရေးပေါ် လိုအပ်ချက်အရ အရပ်သားပြည်သူပိုင် ပစ္စည်းများကို အသုံးပြုရပါက တန်ရာ
တန်ဖိုး ပေးပါ။
( ၅ ) သုံ့ပန်းများကို ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း မပြုရ၊ သင့်လျော်သောနေရာတွင် ထိန်းသိမ်း
ထားရမည်။
( ၆ ) မိမိရဲမေများအပေါ်တွင် ဖြစ်စေ၊ အရပ်သူအမျိုးသမီးများအပေါ်တွင် ဖြစ်စေ လိင်ပိုင်းဆိုင်ရာ
ထိပါးနှောက်ယှက်ခြင်း မပြုရ။
( ၇ ) ရန်သူ့ထံမှ သိမ်းဆည်းရမိသည့် ငွေ၊ လက်နက်၊ ပစ္စည်းများကို ဆိုင်ရာတပ်မှူးထံ စာရင်း
နှင့်တကွ အပ်နှံရမည်။
ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံး ဤစည်းမျဉ်း စည်းကမ်းများကို အစဉ်လိုက်နာစေရေး အတွက် ဆိုင်ရာတပ်မှူးများက နှိုးဆော်ကြပ်မတ်ရမည်။
ပြည်သူ့တော်လှန်ရေး အောင်ရမည်။
( ပုံ )
ရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
National Unity Government of Myanmar
No comments:
Post a Comment