သားကိုမတွေ့လို့ မိခင်ဖြစ်သူ ဓားစာခံအဖြစ် အဖမ်းခံရ

သားကိုမတွေ့လို့ မိခင်ဖြစ်သူ ဓားစာခံအဖြစ် အဖမ်းခံရ ညီညီအောင်ထက်နိုင်တို့ ညီအကိုနှစ်ဦးနဲ့ အမေဖြစ်သူကို တွေ့ရစဉ် Photo credit: -


ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ ကိုကိုအောင်ထက်နိုင်ကို စက်တင်ဘာလ ၁ ရက် ဒီနေ့မနက်မှာ ရဲက လာရောက်ဖမ်းဆီးချိန်မှာ မတွေ့ရလို့ဆိုပြီး သူ့ရဲ့မိခင်ဖြစ်သူကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိခင်ဖြစ်သူကို ဖမ်းဆီးထားချိန်မှာပဲ သားဖြစ်သူ ကိုကိုအောင်ထက်နိုင်ကို လာရောက်အဖမ်းခံဖို့ ရဲက ဖုန်းနဲ့ဆက်သွယ်ခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ကိုကိုအောင်ထက်နိုင်ကို ရဲက ဘာကြောင့်ဖမ်းဆီးဖို့ ကြိုးစားသလဲဆိုတာကိုတော့ မသိရသေးပါဘူး။

ကိုကိုအောင်ထက်နိုင်ရဲ့ အမွှာညီဖြစ်တဲ့ ကိုညီညီထက်အောင်နိုင်ဟာ အာဏာသိမ်းစစ်ကောင်စီကို စတင်ဆန့်ကျင်တော်လှန်ရင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကမာရွတ်မြို့နယ် လှည်းတန်းကျောင်းရှေ့ မှတ်တိုင်နားမှာ ပစ်ခတ်ဖြိုခွင်းခံရလို့ သေဆုံးခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/arrested-nyinyiaunghtetnaing-mother-09012021072631.html

သားကိုမတွေ့လို့ မိခင်ဖြစ်သူ ဓားစာခံအဖြစ် အဖမ်းခံရ  သားကိုမတွေ့လို့ မိခင်ဖြစ်သူ ဓားစာခံအဖြစ် အဖမ်းခံရ Reviewed by THITHTOOLWIN on 20:34 Rating: 5

No comments:

Powered by Blogger.