မြစ်ကြီးနားမြို့မှာ စစ်​ကောင်စီစစ်သားများက အမျိုးသားတစ်ဦးကိုပစ်သတ်


1 September 2021 - Kachinwaves 

မြစ်ကြီးနားမြို့ မြို့သစ်ကြီးကွက်သစ်မှ အမျိုးသားတစ်ဦးကို ဩဂုတ်လ ၃၁ရက်နေ့နံနက်တွင် မြဝတီဘဏ်​စောင့်သည့် စစ်ကောင်စီစစ်သားများမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ ကြောင်းသိရသည်။

"ဆိုင်ကယ်နဲ့နှစ်ယောက်ဟုတ်တယ် ရှေ့တစ်ခေါက်ပစ်တာမထိဘူး သူတို့နှစ်ယောက်အရမ်းကြောက်လို့ထွက်ပြေးတာ စစ်သားတွေကလည်း လိုက်ပြီးပစ်တယ် တစ်ယောက်ကမထိဘူး။ တစ်ယောက်က ဆီးခုံထိသွားတယ်၊ သူတို့က ပစ်ပဲပစ်ထားပြီးပြန်သွားတယ်။ ဆီးခုံထိတဲ့တစ်ယောက်က ဆေးရုံရောက်ပြီး သေသွားတာ"ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်သတ်ခံရသည့် အမျိုးသားသည် အသက် (၃၀)ဝန်းကျင်ရှိပြီး ၈ရက်သာရှိသေးသော​ မွေးကင်းစကလေးငယ်၏ ဖခင်ဖြစ်​ကြောင်း သိရသည်။

ထိုအမျိုးသားနှစ်ဦးသည် နံနက် ၃နာရီဝန်းကျင်တွင် ငါးပိုက်တန်းထားသည့်အတွက် သွားဖြုတ်ရာလမ်းတွင် အပစ်ခံရခြင်းဖြစ်ကြောင်းသိရသည်။


Kachinwaves

https://www.facebook.com/kachinwavesnews

မြစ်ကြီးနားမြို့မှာ စစ်​ကောင်စီစစ်သားများက အမျိုးသားတစ်ဦးကိုပစ်သတ် မြစ်ကြီးနားမြို့မှာ စစ်​ကောင်စီစစ်သားများက အမျိုးသားတစ်ဦးကိုပစ်သတ် Reviewed by THITHTOOLWIN on 20:23 Rating: 5

No comments:

Powered by Blogger.