ရှမ်း​မြောက်မှာ ယ​နေ့ည​နေလည်း တိုက်ပွဲပြန်လည် ဖြစ်ပွား​


Photo- the kokang page

1 sep 2021-Kachinwaves 

ရှမ်းပြည်မြောက် ပိုင်း မူဆယ်မြို့နယ် ဖောင်းဆိုင်းဘက်ရှိ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့များရှိရာဘက်သို့   စစ်ရေးလှုပ်ရှားလာသည့်စစ်ကောင်စီတပ်တို့နှင့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့များ ယနေ့ည​နေ ၆ နာရီဝန်းကျင့်ခန့်က တိုက်ပွဲဖြစ်ကြောင်းသိရသည်။

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့များရှိသည့်  ဆပ်ခုန်း ချောင်းသို့ ကူးလာသည့်အချိန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယနေ့မနက် ၈နာရီခန့်တွင်လည်း ဖောင်းဆိုင်းကျေးရွာက စစ်ကောင်စီတပ် စခန်းကို ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယ​​နေ့တိုက်ပွဲတွင် စစ်​ကောင်စီဘက်က ၁၀ ဦးက ကျဆုံးပြီး ကိုးကန့်တပ် ဘက်က ၁ ဦးကျဆုံး​​ကြောင့်  သတင်းထုတ်ပြန်ထားသည်။


Kachinwaves 

https://www.facebook.com/kachinwavesnews

ရှမ်း​မြောက်မှာ ယ​နေ့ည​နေလည်း တိုက်ပွဲပြန်လည် ဖြစ်ပွား​ ရှမ်း​မြောက်မှာ ယ​နေ့ည​နေလည်း  တိုက်ပွဲပြန်လည် ဖြစ်ပွား​ Reviewed by THITHTOOLWIN on 20:22 Rating: 5

No comments:

Powered by Blogger.