YDFက အကြမ်းဖက် စကစယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ရာ ကား ၂စီးမိုင်းထိကာ ၂၀ ကျော်သေ၊ ၁၀ ဦးဒဏ်ရာရဟုဆို



ဩဂုတ်လ ၊၁၉ ရက်၊ ၂၀၂၁ ခုနှစ်

၂၀၂၁ခုနှစ်၊  ဩဂုတ်လ ၊ ၁၈ ရက်နေ့၊ နေ့လည်ပိုင်း တွင် ဂန့်ဂေါ မှ ကလေးသို့ထွက်လာသော စစ်ကောင်စီယာဉ်တန်း အစီး ၄၀ ကျော်သည်  ဒေသခံများ၏ ဆိုင်ကယ်များကို လုယူသွားရာ အစီး ၂၀ ပါသွားကြောင်းသိရှိရပါသည်။ 

ညနေ -၄-နာရီခွဲ အချိန်လောက်တွင် ဂန့်ဂေါမြို့ မြောက်ဘက် ၁၅မိုင်နှင့် ၁၆မိုင်ကြား ဖိုးမော်ကြီးကွေ့ အနီးတစ်ဝိုက်၌ စစ်ကောင်စီ ယာဉ်တန်း အစီး (၄၀)ကျော် ကို YDF တပ်ဖွဲ့ဝင် (၈)ဦးမှ မိုင်းခွဲတိုက်ခိုက်ရာ  အကြမ်းဖက်စစ်ကောင်စီ၏ ကားနှစ်စီးမိုင်းထိကာ စစ်သား အယောက် ၂၀ကျော် သေဆုံးပြီး ၁၀ ဦးခန့် ပြင်းထန် ဒဏ်ရာ ရရှိသွားခဲ့ပါသည်။

   YDF တပ်ဖွဲ့ဝင်များ တစ်ဦးမှ ထိခိုက်ဒဏ်ရာမရှိခဲ့ပါ ကြောင်း YDF မှ သတင်းအတည်ပြုပါသည်။


Yaw Defense Force-YDF

သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ

Zalen

https://www.facebook.com/zalen.info/


YDFက အကြမ်းဖက် စကစယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ရာ ကား ၂စီးမိုင်းထိကာ ၂၀ ကျော်သေ၊ ၁၀ ဦးဒဏ်ရာရဟုဆို YDFက အကြမ်းဖက် စကစယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ရာ ကား ၂စီးမိုင်းထိကာ ၂၀ ကျော်သေ၊ ၁၀ ဦးဒဏ်ရာရဟုဆို Reviewed by THITHTOOLWIN on 00:12 Rating: 5

No comments:

Powered by Blogger.