ဖလမ်းမြို့နယ် Taal ကျေးရွာကအိမ်တွေကို အကြမ်းဖက် စကစတပ်ကဝင်ရောက်ဖျက်ဆီးပြီး ကြက်ဝက်တွေအကုန်ပစ်သတ်ဟုဆို


အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ဟာ ဖလမ်းမြို့နယ် တီာလ်(Taal)ကျေးရွာတွင် ၅ ရက်ကြာတပ်စွဲစခန်းချရာ အိမ်တွေအပြင်ဘုရားကျောင်းပါဝင်ရောက်ဖျက်ဆီးပြီး ရွာထဲကကြက်ဝက်တွေအကုန်လုံးသတ်ဖြတ်စားသောက်သွားတယ်လို့ ဒေသခံတွေက သတင်းပို့လာပါတယ်။

တီာလ်ကျေးရွာဟာ ဖလမ်းမြို့ကနေ ၁၅ မိုင်လောက်ဝေးပြီး ဖလမ်း-ဟားခါးလမ်းပေါ်မှာရှိပါတယ်။

ဒေသခံတစ်ဦးက "သူတို့က ဘုရားကျောင်းထဲမှာကြိုက်သလိုဝင်‌ေနကြတယ်ထင်တယ်။ ဘုရားကျောင်းထဲက မခံနိင်လောက်အောင်အနံ့ဆိုးတယ်။ ရွာထဲကအိမ်တွေလည်း ကျည်ဆံရာတွေနဲ့ အိမ် ၂၀ ကျော်ကတော့ အသစ်ပြန်‌ေဆာက်ဖို့လိုမယ်အခြေအနေရှိတယ်" လို့ပြောပါတယ်။

အခုဆို တီာလ်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးတာ ဒုတိယအကြိမ်ရှိပါပြီ။


Zalen 

https://www.facebook.com/zalen.info/

ဖလမ်းမြို့နယ် Taal ကျေးရွာကအိမ်တွေကို အကြမ်းဖက် စကစတပ်ကဝင်ရောက်ဖျက်ဆီးပြီး ကြက်ဝက်တွေအကုန်ပစ်သတ်ဟုဆို ဖလမ်းမြို့နယ် Taal ကျေးရွာကအိမ်တွေကို အကြမ်းဖက် စကစတပ်ကဝင်ရောက်ဖျက်ဆီးပြီး ကြက်ဝက်တွေအကုန်ပစ်သတ်ဟုဆို Reviewed by THITHTOOLWIN on 22:51 Rating: 5

No comments:

Powered by Blogger.