မင်းကင်းမြို့နယ်က ကျောင်းထိုင်ဆရာတော် သတ်ဖြတ်ခံရမှု သူတို့လက်ချက်မဟုတ်ကြောင်း PDF တုံ့ပြန်

မင်းကင်းမြို့နယ်က ကျောင်းထိုင်ဆရာတော် သတ်ဖြတ်ခံရမှု သူတို့လက်ချက်မဟုတ်ကြောင်း PDF တုံ့ပြန် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာပုံ / Photo: Google Map

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာ ကောဝိသရာမ ဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင် ဆရာတော်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့က သတ်ဖြတ်ခံရတဲ့ကိစ္စဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က RFA ကို ဒီနေ့ပြောပါတယ်။

ကျောင်းထိုင်ဆရာတော် သတ်ဖြတ်ခံရလို့ ပျံလွန်တော်မူရတဲ့ကိစ္စဟာ PDF တွေရဲ့လက်ချက်လို့ စစ်ကောင်စီ က သြဂုတ်လ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့တာဟာ မှားယွင်းတဲ့ထုတ်လွှင့်ချက်ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ဆရာတော်ကို တကယ်ပစ်သွားတာ ကျည်အစစ်နဲ့ပါ။ ဒါကို တူမီးနဲ့လို့ ထုတ်ပြန်တယ်။ ကိုရင်တွေ သိပါတယ်။ ကျည်မှာလည်း Made In USA ဆိုပြီးပါတယ်။ မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ကျည်အစစ်လည်းမရှိဘူး၊ ဒီလိုလုပ်ရပ်ကို မိုးကြိုးမုန်တိုင်းအဖွဲ့ကလည်း မလုပ်ဘူး”

လောင်းပြည့်ကျေးရွာက ကောဝိသရာမဘုန်းတော်ကြီးကျောင်းက သက်တော် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ကျောင်းထိုင် ဆရာတော် ဥူးကောဝံသ ဟာ သြဂုတ်လ ၁၈ ရက်နေ့ညက ကျောင်းပေါ်မှာ သေနတ်ဒဏ်ရာနဲ့ ပျံလွန်တော်မူ ခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပိုင် သတင်းမီဒီယာတွေက သြဂုတ်လ ၁၉ ရက်နေ့က ထုတ်ပြန်ရာမှာ PDF အဖွဲ့ဝင်အင်အား ၃၀ လောက်က သြဂုတ်လ ၁၈ ရက်နေ့ ည ၈ နာရီခွဲလောက်က ဘုန်းတော်ကြီးကျောင်းကို ရောက်ရှိလာပြီး ဆရာတော်ကို ဒလန်လို့စွပ်စွဲပြီးနောက် ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အနေနဲ့ ဘုန်းကြီးတွေကို သတ်ဖြတ်တာ မရှိဘူးလို့လည်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မင်းကင်းမြို့ဟာ စစ်ကောင်စီကို တူမီးသေနတ်နဲ့ ခုခံတိုက်ခိုက်နေတဲ့ဒေသဖြစ်ပြီး စစ်ကောင်စီထောက်ခံတဲ့ ပျူစောထီးအဖွဲ့ဝင်တွေလည်း အားကောင်းတဲ့ ဒေသဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/pdf-deny-monk-murder-08202021072824.html

မင်းကင်းမြို့နယ်က ကျောင်းထိုင်ဆရာတော် သတ်ဖြတ်ခံရမှု သူတို့လက်ချက်မဟုတ်ကြောင်း PDF တုံ့ပြန် မင်းကင်းမြို့နယ်က ကျောင်းထိုင်ဆရာတော် သတ်ဖြတ်ခံရမှု သူတို့လက်ချက်မဟုတ်ကြောင်း PDF တုံ့ပြန် Reviewed by THITHTOOLWIN on 23:39 Rating: 5

No comments:

Powered by Blogger.