မြန်မာဝယ်ထားတဲ့ Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ် အချိန်မီပို့မယ်လို့ ရုရှားပြော

Pantsir-S လေကြောင်းရန်ကာကွယ်ရေးစနစ်

မြန်မာက မှာယူထားတဲ့ Pantsir (ပန်ဆီယာ) လေကြောင်းရန်ကာကွယ်ရေးစနစ် စစ်လက်နက်တွေကို စာချုပ်မှာပါတဲ့ အစီအစဥ်အတိုင်း ရုရှားက ပို့ဆောင်ပေးမယ်လို့ ရုရှား စစ်ဘက်နည်းပညာကော်ပိုရေးရှင်းရဲ့ အကြီးအကဲက ဗုဒ္ဓဟူးနေ့က ပြောကြားကြောင်း Interfax သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

ဒီဒုံးလက်နက်တွေဟာ လေယာဥ်တွေ၊ ဒရုန်းတွေနဲ့ ခရုစ်ဒုံးကျည်တွေကို ပစ်ချနိုင်ပါတယ်။

မြန်မာနဲ့ ရုရှားတို့ဟာ အဲဒီလေကြောင်းရန်ကာကွယ်ရေး စစ်လက်နက်တွေအတွက် ဇန်နဝါရီလထဲမှာ စာချုပ်ချုပ်ဆိုထားတယ် ရုရှားအစိုးရ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီရေးလှုပ်ရှားသူတွေကတော့ ရုရှားဟာ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေကို အသိအမှတ်ပြုနေတယ်ဆိုပြီး စွပ်စွဲနေကြပါတယ်။

ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ အဖွဲ့ဟာ ရုရှားထုတ် လက်နက်မျိုးစုံ ပြသတဲ့ Army 2021 ပြပွဲ နဲ့ International Army Games ပြိုင်ပွဲအတွက် ရုရှားနိုင်ငံ မော်စကိုမြို့မှာ ရောက်ရှိနေကြတာပါ။

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း အာဏာသိမ်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ဒုတိယ ပြည်ပခရီးစဉ်အဖြစ် ရုရှားနိုင်ငံကို သီတင်းတစ်ပတ်ကြာ သွားရောက်ခဲ့ပါတယ်။

သူ့ရဲ့ရုရှားခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်လက်နက်နဲ့ စစ်သုံးယာဉ်တွေ ထုတ်လုပ် တင်ပို့ ရောင်းချတဲ့ Rosoboronexport ကုမ္ပဏီ ကို သွားရောက်ခဲ့ပြီး စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် ကိစ္စရပ်တွေအတွက် အဲဒီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်တပ်ရဲ့ သတင်းမှန်ပြန်ကြားရေး ဝက်ဘ်ဆိုက်မှာဖော်ပြခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-58248887

မြန်မာဝယ်ထားတဲ့ Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ် အချိန်မီပို့မယ်လို့ ရုရှားပြော  မြန်မာဝယ်ထားတဲ့ Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ် အချိန်မီပို့မယ်လို့ ရုရှားပြော Reviewed by THITHTOOLWIN on 00:08 Rating: 5

No comments:

Powered by Blogger.