KA နှင့် KNDF ပူးပေါင်း တိုက်ခိုက်မှုကြောင့် စကစ (၁၃) ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ


ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) တို့ ယနေ့ ဩဂုတ်လ ၃ ရက်နေ့တွင် ကရင်နီပြည် ဘော်လခဲမြို့နယ်၊ ဖရူဆိုမြို့နယ် နှင့် ဖယ်ခုံမြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီအား တိုက်ခိုက်မှုများ ပြုလုပ်ရာ စကစ ဖက်မှ စုစုပေါင်း ၁၃ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရကာ စစ်ကား ၃ စီးပျက်စီးသွားကြောင့် KNDF ​၏ ထုတ်ပြန်ချက်အရ သိရသည်။

KA နှင့် KNDF ပူးပေါင်း တပ်ဖွဲ့သည် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးနှင့် ဖရူဆိုမြို့နယ် ထားလဲကျေးရွာနှင့် မာခရောရှေ့ကျေးရွာတို့တွင် အားအင်းအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက် စကစ တပ်ဖွဲ့​၏ ယာဉ်တန်းကို တိုက်ခိုက်ရာ တိုက်ပွဲ ၄ ကြိမ်အထိ ဖြစ်ခဲ့ရာ စကစဖက်မှ ၁၁ ဦးနှင့် ၂၀ ကျော် ဒဏ်ရာရကာ ကားသုံးစီးကို ဖျက်စီးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဖယ်ခုံမြို့နယ် မြို့နယ်ခန်းမတွင် တပ်စွဲထားသည့် အကြမ်းဖက် စကစကို ဗုံးခွဲခဲ့ရာ စကစတပ်ဖွဲ့ဝင် ၂ ဦး ထပ်မံ သေဆုံးကြောင်းလည်း သိရှိရသည်။ 

KA နှင့် KNDF ပူးပေါင်း တပ်ဖွဲ့သည် ကရင်နီပြည်အတွင်း ထိုးစစ်ဆင်မှုများ ပြုလုပ်လျက်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို ဆက်လက်ရင်ဆိုင်တိုက်ပွဲဝင်သွားမည် ဖြစ်သောကြောင့် ပြည်သူများ လုံခြုံရေး သတိရှိကြရန် အသိပေးထုတ်ပြန်ထားသည်။


KnIC

https://www.facebook.com/knicinfo/

KA နှင့် KNDF ပူးပေါင်း တိုက်ခိုက်မှုကြောင့် စကစ (၁၃) ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ KA နှင့် KNDF ပူးပေါင်း တိုက်ခိုက်မှုကြောင့် စကစ (၁၃) ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ Reviewed by THITHTOOLWIN on 23:24 Rating: 5

No comments:

Powered by Blogger.