မြန်မာ COVID-19 ကူးစက်သူ ၂,၅၀၂ ယောက်၊ သေဆုံးသူ ၁၁၅ ယောက် ထပ်တိုး

ရန်ကုန် အ ခြေစိုက် ကိုဗစ် အကူအညီပေးရေး ပရဟိတအသင်းတခု အသင့်ပြင်နေစဉ် (ဓာတ်ပုံ - AFP)

ကိုဗစ်တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံတဝန်းလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာတွေ၊ ကိုဗစ်ရောဂါကြောင့် သေဆုံးတာတွေ ဆက်ရှိနေဆဲပါ။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၁,၈၆၆ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့သူ ၂,၅၀၂ ယောက်ရှိပြီး သေဆုံးသူ ၁၁၅ ယောက်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတကူညီပေးနေသူတွေကတော့ အမှန်တကယ် ကူးစက်သေဆုံးနှုန်းဟာ တရားဝင်ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ရောဂါကူးစက်မှုထိန်းချုပ်ရေးအတွက်ဆိုပြီး ရုံးတွေ၊ လုပ်ငန်းတွေ၊ ကျောင်းတွေကိုလည်း သြဂုတ်လကုန်ထိပိတ်ဖို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားပါတယ်။ ကပ်ရောဂါကို ကာကွယ်ဆေးနဲ့ ထိန်းချုပ်ဖို့ ကျိုးစားနေတာမှာ အခကြေးငွေပေးပြီး ကာကွယ်ဆေးထိုးနေတာလည်းရှိသလို အခြေခံလူတန်းစားတွေအတွက်တော့ ကာကွယ်ဆေးရဖို့ အခက်အခဲတွေလည်းရှိနေပါသေးတယ်။

စစ်ကောင်စီ ကျန်းမာရေးဌာနကတော့ ဇူလိုင်လ နောက်ဆုံးပတ်ကစပြီး ကာကွယ်ဆေးထိုးအစီအစဉ် စတင်နေတဲ့အကြောင်း ပြောဆိုထားသလို တရုတ်နိုင်ငံထုတ် Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေကို ထိုးပေးနေတာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ၊ ပရဟိတ အကူအညီပေးလုပ်သားတွေ၊ အကျဉ်းသားတွေနဲ့ အသက် ၆၅ နှစ်အထက်တွေကို ဦးစားပေး ထိုးပေးနေပြီး လူပေါင်း ၁.၈ သန်းကျော်ကို ကာကွယ်ဆေးထိုးပြီးကြောင်း သြဂုတ်လ ၆ ရက် နိုင်ငံပိုင်သတင်းမှာ ဖော်ပြခဲ့ပါတယ်။

ကပ်ရောဂါထိန်းချုပ်ရေး မလိုအပ်ပဲအိမ်ပြင်မထွက်ရ Stay-at-Home အမိန့်ထုတ်ပြန်ထားတဲ့မြို့နယ်လည်း ၁၁၉ ခုထိရှိပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/current-covid-dead-tolls-and-cases-in-Myanmar-/6015836.html

မြန်မာ COVID-19 ကူးစက်သူ ၂,၅၀၂ ယောက်၊ သေဆုံးသူ ၁၁၅ ယောက် ထပ်တိုး မြန်မာ COVID-19 ကူးစက်သူ ၂,၅၀၂ ယောက်၊ သေဆုံးသူ ၁၁၅ ယောက် ထပ်တိုး Reviewed by THITHTOOLWIN on 00:14 Rating: 5

No comments:

Powered by Blogger.