မြန်မာ COVID-19 ကူးစက်သူ ၃,၄၅၆ ယောက်၊ သေဆုံး ၂၁၂ ယောက် ထပ်တိုး

တောင်ငူတွင် ကိုဗစ်လူနာတဦးကို ပြုစုနေသည့် ပရဟိတလုပ်သားတဦး။ ၆ သြဂုတ် ၂၀၂၁

မြန်မာနိုင်ငံမှာ ဒီနေ့ COVID-19 ရောဂါပိုးတွေရှိသူ ၃,၄၅၆ ယောက်နဲ့ သေဆုံးသူ ၂၁၂ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၃,၀၂၁ ခုကို စစ်ဆေးခဲ့တာမှာ အဲဒီလိုတွေ့ရှိခဲ့တာဖြစ်ပြီး ဒါဟာ စုစုပေါင်း ပိုးတွေ့ရှိမှုပမာဏရဲ့ ၂၆.၅၄% ၊ သေဆုံးမှုနှုန်းပမာဏကတော့ ၃.၇% နဲ့ တတိယလှိုင်းမှာ အများဆုံးဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင် မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၃၄၈,၁၈၆ ယောက် ရှိသွားပြီဖြစ်ပြီး သေဆုံးသူစုစုပေါင်းက ၁၂,၈၇၉ ယောက်ရှိသွားပြီဖြစ်ပါတယ်။

ဒီနေ့မှာ ရောဂါ သက်သာပျောက်ကင်းပြီး ဆေးရုံကဆင်းသူ ၃,၁၄၇ ယောက်ရှိပြီး ရောဂါသသက်သာပျောက်ကင်းသူပေါင်း ၂၆၃,၁၇၂ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရားဝင်ထုတ်ပြန်တဲ့ ကူးစက်သေဆုံးသူ အရေအတွက်ထက် အမှန်တကယ် ကူးစက်သေဆုံးသူ အရေအတွက်က ပိုများနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေနဲ့ ပရဟိတလုပ်သားတွေက ခန့်မှန်းထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ ရောဂါကူးစက်မှု နဲ့ သေဆုံးမှုနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားတဲ့ အရည်အသွေးကောင်းမွန်တဲ့ ကာကွယ်ဆေးတွေ ဝယ်ယူပြီး ကာကွယ်ဆေးထိုးတာတွေကို လုပ်ဆောင်နေကြောင်း၊ ဒါပေမဲ့ စျေးကွက်အတွင်းမှာ ကာကွယ်ဆေးအတုတွေကို အင်တာနက်အွန်လိုင်းတွေကနေတဆင့် ရောင်းချတာတွေရှိနေတာကြောင့် အဲဒီဆေးတွေက ရောဂါကာကွယ်ဖို့အတွက် အန္တရာယ်ရှိနိုင်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေကို ထိုးကြဖို့ကိုလည်း ဒီနေ့ ထုတ်ပြန်ထားပါတယ။

ကိုဗစ်ကပ်ရောဂါ ကူးစက်မှု တတိယလှိုင်းနဲ့ ကြုံနေရတဲ့ မြန်မာနိုင်ငံမှ ာစာသင်ကျောင်းတွေကို နောက်ထပ် သီတင်း တပတ် ဆက်ပိတ်ထားဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက မနေ့က ကြေညာထားပါတယ်။

အခုဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် မလိုအပ်ဘဲ အပြင်မထွက်ရ အမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်ပေါင်း အနည်းဆုံး ၁၁၀ ရှိသွားပြီဖြစ်ပြီး အစိုးရရုံးပိတ်ရက်ကိုလည်း သြဂုတ်လ ၂၂ ရက်နေ့အထိ တိုးမြှင့် သတ်မှတ်ထားပါတယ်။


VOA Burmese

https://burmese.voanews.com/a/more-cases-and-casualty-of-covid-19-in-myanmar/6001576.html

မြန်မာ COVID-19 ကူးစက်သူ ၃,၄၅၆ ယောက်၊ သေဆုံး ၂၁၂ ယောက် ထပ်တိုး မြန်မာ COVID-19 ကူးစက်သူ ၃,၄၅၆ ယောက်၊ သေဆုံး ၂၁၂ ယောက် ထပ်တိုး Reviewed by THITHTOOLWIN on 06:28 Rating: 5

No comments:

Powered by Blogger.