တောင်တွင်းကြီးမှာ Covid-19 ကာကွယ်ဆေးကို စစ်တပ်နဲ့ ဌာနဆိုင်ရာဝန်ထမ်း မိသားစုဝင်တွေ ထိုးနှံကြသော်လည်း ဒေသခံတွေ စိတ်ဝင်စားမှုနည်းပါး


တောင်တွင်းကြီး၊ ဩဂုတ် ၃၊ ၂၀၂၁။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ သာသနာ့ဗိမာန်မှာ စစ်ကောင်စီက ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေသော်လည်း ဒေသခံပြည်သူတွေက စိတ်ဝင်စားမှုနည်းပါးပြီး တပ်မိသားစုအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့မိသားစုဝင်တွေတော့ မဖြစ်မနေထိုးကြရတယ်လို့ သိရပါတယ်။

"ရပ်ကွက်တွေထဲကို ဆေးထိုးမယ့်သူ စာရင်းလိုက်ကောက်တယ်။ သူတို့ကိုကော ဆေးကိုကော မယုံလို့ မထိုးတော့ဘူးလို့ပြောလိုက်တယ်။ ဘယ်နိုင်ငံဆေးမှန်းလည်းမသိ။ အာမခံချက်လည်းမရှိတဲ့ဆေးတော့ ထိုးမနေတော့ဘူးလေ။ နားမလည်တဲ့ ပြည်သူတွေကတော့ ထိုးကြမှာပေါ့" လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်မိသားစုဝင်တွေနဲ့ ဌာနဆိုင်ရာတွေဝန်ထမ်းတွေကတော့ မဖြစ်မနေထိုးကြရတယ်လို့ သိရပါတယ်။

"ရွာမှာတော့ အသက် ၆၅ နှစ်ကျော်တဲ့သူတွေကို ဦးစားပေးပြီး ထိုးပေးမယ်လို့ စာဝင်ထားလို့။ ရွာထဲတော့ ကြေငြာထားတယ်။ ပြည်သူက စိတ်ဝင်စားမှုနည်းပါတယ်။ ရွာအတွက်မို့လို့သာလုပ်နေရတယ်။ စစ်ကောင်စီလက်အောက်မှာ မလုပ်ချင်တော့ဘူး။ ညွှန်ကြားချက်တွေက တော်ကြာတမျိုး တော်ကြာတမျိုး။ အားတိုင်း ညွှန်ကြားချက်ထိုင်ထုတ်နေသလားမသိဘူး" လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေတဲ့ သာသနာ့ဗိမာန်မှာလည်း ဆေးလာရောက်ထိုးနှံသူလူစုလူဝေးကို သေချာစွာထိန်းချုပ်နိုင်ခြင်းမရှိကြောင်း ဆေးထိုးခဲ့သူတဦးဆီက သိရပါတယ်။

တောင်တွင်းကြီးမြို့မှာ ဇွန်လ ၂၂ ရက်နေ့ကနေ သြဂုတ်လ ၂ ရက်နေ့ မနေ့ညနေအထိ ကိုဗစ်ပိုးတွေ့ရှိသူ ၇၅၀ ကျော်နဲ့ သေဆုံးသူ ၅၀ ကျော်ရှိကြောင်း သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

https://www.facebook.com/myaelattathan

တောင်တွင်းကြီးမှာ Covid-19 ကာကွယ်ဆေးကို စစ်တပ်နဲ့ ဌာနဆိုင်ရာဝန်ထမ်း မိသားစုဝင်တွေ ထိုးနှံကြသော်လည်း ဒေသခံတွေ စိတ်ဝင်စားမှုနည်းပါး တောင်တွင်းကြီးမှာ Covid-19 ကာကွယ်ဆေးကို စစ်တပ်နဲ့ ဌာနဆိုင်ရာဝန်ထမ်း မိသားစုဝင်တွေ ထိုးနှံကြသော်လည်း ဒေသခံတွေ စိတ်ဝင်စားမှုနည်းပါး Reviewed by THITHTOOLWIN on 23:27 Rating: 5

No comments:

Powered by Blogger.