စလင်းမြို့က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲလို့ ရဲတဦးသေ ၂ ဦးဒဏ်ရာရ



Share/Bookmark

စလင်း၊ ဩဂုတ် ၁၇၊ ၂၀၂၁။

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ အားကစားကွင်းရှေ့မှာရှိတဲ့  စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ ဒီကနေ့ မနက် ၁၀ နာရီခန့်က ချိန်ကိုက်ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ရဲတဦးသေပြီး ၂ ယောက်ဒဏ်ရာရတယ်လို့ ပြောတယ်။ လောလောဆယ် သွားမကြည့်ရသေးဘူး" လို့ အနီးနားနေထိုင်သူတဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး မကြာခင် စစ်ကောင်စီတပ်တွေက ရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီး လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေကို စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စလင်းမြို့ဟာ မင်းဘူးခရိုင်ထဲမှာပါဝင်ပြီး ဧပြီလအတွင်း ဆန္ဒပြခဲ့ကစဉ် ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့ နည်းပညာတက္ကသိုလ်ကျောင်းသားတဦး သေဆုံးထားတဲ့ မြို့လည်း ဖြစ်ပါတယ်။


မြေလတ်အသံ - Myaelatt Athan 

https://www.facebook.com/myaelattathan



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ