ဝိုင်း​မော်မြို့နယ် လမြန်​ကျေးရွာတွင် စစ်​ကောင်စီစစ်သားများ ယာယီဂိတ်ချကာ လမ်းသွားလမ်းလာပြည်သူများရဲ့ လက်ကိုင်ဖုန်းများကို ​ရှောင်တခင် စစ်​ဆေး


17 August 2021 - Kachinwaves

ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာတွင် ယနေ့ သြဂုတ်လ ၁၇ရက်နေ့ ၁၂နာရီခွဲအချိန်တွင် ကျေးရွာအတွင်း စစ်ကောင်စီစစ်သားများ ယာယီစခန်းလာချပြီး လမ်းသွားလမ်းလာပြည်သူများ၏ လက်ကိုင်ဖုန်းများကို စစ်​ဆေးနေကြောင်း သိရသည်။

လမြန်ကျေးရွာအတွင်း ​နေရာ ၃​နေရာတွင် စစ်ကောင်စီစစ်သားများ စခန်းချထား​ကြောင်း သိရသည်။ စစ်​ကောင်စီစစ်သားများသည် ဖုန်းများကိုယာယီဂိတ်ထိုင် စစ်​ဆေးပြီး​နောက် နန့်ဇော်ကျေးရွာဘက်သို့ ပြန်တက်သွားကြောင်း ဒေသခံတစ်ဦးကပြောသည်။

ဝိုင်းမော်မြို့နယ် အခြေစိုက် စစ်ကောင်စီတပ် (၅၈)ခလရတပ်ရင်းသည် ညအချိန်မတော် သေနတ်ပစ်ခတ်မှုပြုလုပ်ခြင်းကြောင့် အနီးအနားရှိ ရွာကပြည်သူများ ထွက်ပြေးတိမ်းရှောင်​နေရသည်။


Kachinwaves

https://www.facebook.com/kachinwavesnews

ဝိုင်း​မော်မြို့နယ် လမြန်​ကျေးရွာတွင် စစ်​ကောင်စီစစ်သားများ ယာယီဂိတ်ချကာ လမ်းသွားလမ်းလာပြည်သူများရဲ့ လက်ကိုင်ဖုန်းများကို ​ရှောင်တခင် စစ်​ဆေး ဝိုင်း​မော်မြို့နယ် လမြန်​ကျေးရွာတွင် စစ်​ကောင်စီစစ်သားများ ယာယီဂိတ်ချကာ လမ်းသွားလမ်းလာပြည်သူများရဲ့ လက်ကိုင်ဖုန်းများကို ​ရှောင်တခင် စစ်​ဆေး Reviewed by THITHTOOLWIN on 22:57 Rating: 5

No comments:

Powered by Blogger.