ကျေးသီးမြို့မဈေးရှိ ဆိုင်းခန်းများ မကြာခဏ ဖောက်ထွင်းခိုးခံရ


သြဂုတ် (၂၅) ရက် ၂၀၂၁

သျှမ်းပြည်တောင်ပိုင်း ကျေးသီး    မြို့မဈေးအတွင်းရှိ ဆိုင်ခန်းများကို ဖောက်ထွင်းခိုးခံရကြောင်း စုံစမ်းသိရသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကျေးသီးမြို့နယ်ရှိ မြို့မဈေးကြီးကို (၂) လနီးပါး ပိတ်ထားရသဖြင့် သြဂုတ် (၂၄) ရက် မနက် ၂ နာရီခန့် ဖုန်းဆိုင် တစ်ဆိုင်ကို ဖောက်ပြီး ဖုန်းငွေဖြည့်ကဒ် နှင့် ဖုန်းဟန်းဆက်များ ခိုးယူသွားကြောင်း ကျေးသီးဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဈေးပိတ်ထားတာ ကြာပြီလေ။ ဒီဘက်မှာ မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေများတယ်။ ဒီတစ်ခေါက်ပါရင် (၃) ကြိမ်လောက် ဖြစ်သွားပြီး သူတို့ ဈေးထဲ လိုက်မွှေတာ။ မဖမ်းမိသေးဘူး” ဟု ကျေးသီးဒေသခံ တစ်ဦးကပြောသည်။

ကျေးသီးမြို့ရှိ ဈေးထဲက ဈေးသည်များလည်း ဆိုင်ထဲက တန်ဖိုးကြီးသည့် ပစ္စည်းများကို နေအိမ်မှာ သယ်ပြန်ယူသွားကြကြောင်း သိရှိရသည်။

“ပစ္စည်းတွေက သူတို့မယူဘူး။ အဓိက ငွေတွေကိုပဲ လိုက်ရှာတာ။ ပစ္စည်းတွေက သူတို့ သွားရောင်းရင်လည်း သူများက သိတယ်လေ။ ဈေးထဲ စောင့်တဲ့သူလည်း မရှိတော့ သူခိုးတွေက ဝင်ရောက်ရှာဖွေတာပေါ့” ဟု ကျေးသီးဒေသခံ တစ်ဦးက ပြောသည်။

ကျေးသီးမြို့မဈေးကြီး  (၂) လကာလအတွင်း ပိတ်ထားသည့်အတွက် သူခိုးများ ဈေးဆိုင်ခန်းများထဲရှိ ပစ္စည်းဝင်ရောက်ရှာဖွေမှုများ (၃) ကြိမ်ရှိသည့်အတွက် ဈေးသည်များ စိုးရိမ်သဖြင့် တန်ဖိုးကြီး ပစ္စည်းများကို နေအိမ်သို့ ပြောင်းရွေ့ထားသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

ကျေးသီးမြို့မဈေးရှိ ဆိုင်းခန်းများ မကြာခဏ ဖောက်ထွင်းခိုးခံရ ကျေးသီးမြို့မဈေးရှိ ဆိုင်းခန်းများ မကြာခဏ ဖောက်ထွင်းခိုးခံရ Reviewed by THITHTOOLWIN on 19:18 Rating: 5

No comments:

Powered by Blogger.