ဖားကန့် လုံးခင်းဈေးကုန်း ပစ်ခတ်မှုတွင် ရဲတစ်ဦး သေဆုံး


August 19, 2021/ Kachin News Group

ဖားကန့်မြို့ လုံးခင်းဈေးကုန်း ယနေ့ည ၅နာရီခွဲဝန်းကျင် ပစ်ခတ်မှုတွင် ရဲတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

"ဈေးကုန်းမှာ လမ်းကြောင်းသွားတဲ့အချိန် ပစ်ခတ်မူဖြစ်တယ်လို့ကြားရတယ်။ ရဲတွေလည်း သေတယ်တဲ့ ဘယ်နှစ်ဦးသေတာလဲဆိုတာတော့ အသေးစိတ်မသိရသေးဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ပစ်ခံရ၍ သေဆုံးသူသည် သာယာကုန်းရဲကင်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား ဝင်းမြင့်ဆိုသူဖြစ်ကြောင်း သိရသည်။

"ဆိုင်ကယ်တစ်စီးနဲ့ လူသုံးယောက်က ပစ်သွားတာလို့ပြောကြတယ်။ ဘယ်သူဘယ်ဝါမှန်းတော့ ဘယ်သူမှ မသိကြဘူး" ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

ယနေ့ည ပစ်ခတ်မူဖြစ်ပြီးနောက် လုံးခင်းရပ်ကွက်တွင် ရဲကင်းများ လှည့်လည်နေကြောင်း ဒေသခံများကပြောသည်။


Kachin News Group 

https://www.facebook.com/theKachinNews

ဖားကန့် လုံးခင်းဈေးကုန်း ပစ်ခတ်မှုတွင် ရဲတစ်ဦး သေဆုံး ဖားကန့် လုံးခင်းဈေးကုန်း ပစ်ခတ်မှုတွင် ရဲတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 00:25 Rating: 5

No comments:

Powered by Blogger.