ခလရ (၅၈)တပ်မှ ပစ်သတ်လိုက်သည့် ‌ဒေါ်ဆောင်ပြုံး



Share/Bookmark

ခလရ (၅၈)တပ်မှ သေနတ်ဖြင့်ပစ်သတ်လိုက်သည့် ဒေါ်ဆောင်ပြုံးအား နက်ဖြန်ဩဂုတ်လ ၁၄ရက်နေ့ ၁၀နာရီဝန်းကျင်တွင် သူဂြိုလ်မည်ဖြစ်ကြောင်း ဒေသခံများကပြောသည်။

"အလောင်းတော့ မပေးလိုက်ဘူးလို့ သိရတယ်။နက်ဖြန် သူတို့ကိုယ်တိုင် သူဂြိုလ်မယ့်နေရာထိ လာပို့ပေးမှာတဲ့"ဟု ဒေသခံတစ်ဦးပြောသည်။

ဒေါ်ဆောင်ပြုံးသည် ဝိုင်းမော်မြို့မှ ဈေးဝယ်ပြီး အပြန်လမ်း ၅၈ တပ်ရင်းရှေ့တွင် ပစ်သတ်ခံရလိုက်ရသည်။

"ကျည်ကဘယ်လ​က်မောင်း အောက်ကနေ ညာဘက်ချိုင်းဘက်ကိုပေါက်ထွက်သွားတာလို့သိရတယ်။ပစ်ခံရပြီးနောက် ဆေးရုံအမြန်ပို့နိုင်ရင်တော့ ရှင်မလားဘဲ ဒါပေမယ့် ဘယ်သူမှလည်းသွားမကောက်ရဲတော့ သွေးထွက်လွန်တဲ့သဘောမှာရှိတယ်"လို့ ဒေသခံတစ်ဦးကပြောသည်။


Kachin News Group 

https://www.facebook.com/theKachinNews



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ