ရှမ်း​မြောက်က ယ​နေ့တိုက်ပွဲတွင် စစ်​ကောင်စီဘက်က တပ်ရင်းမှူးနှစ်ဦးနှင့် တပ်ရင်း တစ်ရင်းလုံးနီးပါးကျ






28 August 2021 - Kachinwaves 

ရှမ်းပြည်နယ်မြောက်ပိုင် မုံးကိုးမြို့နယ်၊ မန်ခွမ်နှင့် မန်ပိန်းတို့ ကြားလှုပ်ရှား​နေသည့် စစ်​ကောင်စီစစ်​ကြောင်းတစ်ခုအား ယ​နေ့ည​နေပိုင်းတွင် ကေအိုင်အေ နှင့် ကိုးကန့်တပ် MNDAA တို့ ပူး​ပေါင်းတိုက်ခိုက်ရာ စစ်​ကောင်စီဘက်မှ တပ်ရင်းမှူးနှစ်ဦးအပါ တပ်ရင်းတစ်ခုလုံးနီးပါး ကျဆုံးသွား​ကြောင်း သတင်းရရှိသည်။ 

"တက်လာတဲ့ စစ်​ကောင်စီစစ်​ကြောင်းကို ဝိုင်းပြီးတိုက်တာတဲ့။ တပ်ရင်းမှူးက ၃ယောက်ပါတယ်​ပြောတယ်။ နှစ်​ယောက်က ​သေသွားတယ်၊ တစ်​ယောက်က ဒဏ်ရာပြင်းထန်လို့ မုံးကိုးဗျူဟာက ​လေယာဥ်နဲ့လာသယ်သွားတယ်တဲ့။ တပ်ရင်းတစ်ခုလုံးနီးပါး ကျသွားတယ်တဲ့။ ရာဂဏန်းရှိတယ်တဲ့"ဟု​ ဒေသခံတစ်ဦးကဆိုသည်။ 

အဆိုပါ ​နေရာတွင် ယ​နေ့နံနက် ၈ နာရီမှ ၁၀ နာရီထိတစ်ကြိမ်ယ​နေ့ည​နေ ၄ နာရီမှ ၇ နာရီထိတစ်ကြိမ် တိုက်ပွဲပြင်းထန်ခဲ့ပြီး ယ​နေ့ည​နေတိုက်ပွဲ၌ စစ်​ကောင်စီဘက်မှ အကျအဆုံးများကြောင်းသိရသည်။ 

အဆိုပါ​ဒေသဘက် တက်လာသည့် စစ်​ကောင်စီတပ်ရင်း ၃ ခုဖြစ်ပြီး ယ​နေ့ညကျသွားသည့် တပ်ရင်းမှာ အမှတ် (၅၂၅)ခမရ တပ်ရင်းဖြစ်​ကြောင်း သိရသည်။


Kachinwaves 

https://www.facebook.com/kachinwavesnews

ရှမ်း​မြောက်က ယ​နေ့တိုက်ပွဲတွင် စစ်​ကောင်စီဘက်က တပ်ရင်းမှူးနှစ်ဦးနှင့် တပ်ရင်း တစ်ရင်းလုံးနီးပါးကျ ရှမ်း​မြောက်က ယ​နေ့တိုက်ပွဲတွင် စစ်​ကောင်စီဘက်က တပ်ရင်းမှူးနှစ်ဦးနှင့် တပ်ရင်း တစ်ရင်းလုံးနီးပါးကျ Reviewed by THITHTOOLWIN on 01:03 Rating: 5

No comments:

Powered by Blogger.