စစ်​ကောင်စီတပ်မှ ပစ်ခတ်မှု​ကြောင့် ဝိုင်း​မော်မြို့ ကိုဗစ်ကွာရန်တင်းစင်တာက လူနာများ ​ကြောက်လှန့်​​နေ


9 August 2021 - Kachinwaves 

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ယနေ့ သြဂုတ်လ ၈ရက်နေ့ ည ၈နာရီခွဲခန့်၌ ကိုဗစ်-၁၉ ကွာရန်တင်းစင်တာဘေးက မိုးလုံလေလုံကွင်းတွင် စစ်ကောင်စီစစ်သားများ တပ်စွဲထားပြီး မြို့ဘက်သို့ ရမ်းသန်းပစ်ခတ်နေသည့်အတွက် Quarantine Center မှ လူနာများ အခက်တွေ့နေကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ ရမ်းသန်းပစ်ခတ်နေသည့်အတွက် ကွာရန်တင်းစင်တာက လူနာများ ထွက်ပြေးသိမ်းရှောင်ရန် အဆင်မပြေကြောင်း ဒေသခံတစ်ဦးကပြောသည်။  

"အလွန်ထိတ်လန့်ကြောက်ရွံ့ကာ ငိုယိုရင်း အောက်စီဂျင်သွင်းနေရင်းတန်းလန်းတွေနဲ့ အောက်စီဂျင်သွင်းကြိုး ပြုတ်သူတွေနဲ့ ကြောက်အားလန့်အားနဲ့ မိုးကြီးလေကြီးထဲ စုပြုံပြီး ဘယ်ပြေးရမလဲမသိ ရှိနေကြတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။ 

စင်တာရဲ့ ​အရှေ့​နှင့်အနောက်အကုန်လုံး စစ်​ကောင်စီစစ်သားများက ​​နေရာယူထား​ကြောင်း သိရသည်။ 

စစ်​ကောင်စီစစ်သား​များက ၅၈ တပ်ရင်းအနီး မဒိမ်​​​ကျေးရွာထဲသို့ဝင်ပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်​နေပြီး​ကျေးရွာ​ဒေသခံအများပိုင်းလည်း ထွက်​ပြေးတိမ်း​ရှောင်​နေကြပြီဖြစ်​ကြောင်းလည်း သိရသည်။

ည ၁၀နာရီ ၃၀မိနစ်အချိန်ခန့်တွင် သေနတ်သံ​​များ၊ လက်နက်ကြီးသံ​များ ပြန်လည်ငြိမ်​နေပြီဖြစ်​ကြောင်း သိရသည်။


Kachinwaves 

https://www.facebook.com/kachinwavesnews

စစ်​ကောင်စီတပ်မှ ပစ်ခတ်မှု​ကြောင့် ဝိုင်း​မော်မြို့ ကိုဗစ်ကွာရန်တင်းစင်တာက လူနာများ ​ကြောက်လှန့်​​နေ စစ်​ကောင်စီတပ်မှ ပစ်ခတ်မှု​ကြောင့် ဝိုင်း​မော်မြို့ ကိုဗစ်ကွာရန်တင်းစင်တာက လူနာများ ​ကြောက်လှန့်​​နေ Reviewed by THITHTOOLWIN on 00:22 Rating: 5

No comments:

Powered by Blogger.