လွိုင်လင်လေး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၇ဦး​​သေ၊ ၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရ


ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့အရှေ့ဖက်ခြမ်း ကုန်းဆွတ်နဲ့ ကျောက်ကြီးကျေးရွာအကြားမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်မှ ခုခံတိုက်ခိုက်ရင်း တိုက်ပွဲ မိနစ်(၃၀)ခန့်ကြာမြှင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၇ ဦးသေဆုံးကာ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ ဩဂုတ်လ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်မ (၅၅) က အင်အား(၁၀၀)ခန့်ဖြင့် တိုက်ပွဲဖြစ်ပွားရာ ကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာရာမှ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပါတယ်။ ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ လွိုင်ကော်မြို့နယ်အရှေ့ဖက်ခြမ်းရှိကျေးရွာဘက်ကို စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဩဂုတ်လ (၂၃)ရက်နေ့မှာလည်း ကယန်းသာယာကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်များရောက်လာပြီး ကျေးရွာအတွင်းရှိ နေအိမ်ကိုဖောက်ထွင်းခြင်း၊ ကျေးရွာအနီးတောင်ယာထဲမှာ ပုန်းအောင်းနေကြတဲ့ ပြည်သူတွေကို ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes

လွိုင်လင်လေး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၇ဦး​​သေ၊ ၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရ လွိုင်လင်လေး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၇ဦး​​သေ၊ ၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 06:32 Rating: 5

No comments:

Powered by Blogger.