အများပြည်သူရုံးပိတ်ရက် တပတ်ထပ်တိုး

 အများပြည်သူရုံးပိတ်ရက် တပတ်ထပ်တိုး

မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကို ပိုမိုထိရောက်အောင် ကာကွယ်နိုင်ဖို့အတွက်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီက သြဂုတ်လ ၃၁ ရက်နေ့အထိ အများပြည်သူ ရုံးပိတ်ရက်အဖြစ် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

ဒီကာလအတွင်း အစိုးရ အခြေခံပညာကျောင်းတွေ၊ ပုဂ္ဂလိကနဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေကိုပါ ပိတ်ထားရမှာ ဖြစ်ပေမယ့် ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေတော့ ဆက်လက်ဖွင့်ထားမှာ ဖြစ်တယ်လို့ ကြေညာပါတယ်။

မြန်မာနိုင်ငံတ၀န်း ကိုဗစ်ကူးစက်ပျံ့နှံ့မှုတွေ တိုးမြင့်ဖြစ်ပွားနေတာကြောင့် ဇူလိုင်လ ၁၇ ရက်နေ့ကစပြီး အများပြည်သူရုံးပိတ်ရက်အဖြစ် စစ်ကောင်စီက စတင်သတ်မှတ်ခဲ့ပြီး ကိုဗစ်ကူးစက်ပျံ့နှံ့မှုအပေါ်မူတည်ကာ ဆက်လက်တိုးမြှင့် ကြေညာနေတာဖြစ်ပါတယ်။

အခုလို ရုံးပိတ်ရက်တွေ ဆက်တိုက်သတ်မှတ်ထားတာကြောင့် အပတ်စဥ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တိုင်း နေပြည်တော်မှာ ရုံးထုတ်စစ်ဆေးလေ့ရှိတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦး၀င်းမြင့်တို့ရဲ့ အမှုရုံးချိန်းတွေ ရက်ရွှေ့ဆိုင်းထားခဲ့ရပြီး လက်ရှိအချိန်ထိ ရှေ့နေအဖွဲ့နဲ့ပါ တွေ့ခွင့်မရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်မှု ရှိတယ်လို့ ရှေ့နေအဖွဲ့က ပြောဆိုထားပြီး တွေ့ခွင့်တောင်းထားပေမယ့် စစ်ကောင်စီဘက်ကတော့ တစုံတရာ တုံ့ပြန်တာ မရှိသးပါဘူး။

သြဂုတ်လ ၂၀ ရက် ည ၈ နာရီအထိ နိုင်ငံတ၀န်း ကိုဗစ်ပိုးတွေ့လူနာသစ် ၃၀၀၀ ကျော် ရှိခဲ့ပြီး ၁၅၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေး၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-58248887

အများပြည်သူရုံးပိတ်ရက် တပတ်ထပ်တိုး  အများပြည်သူရုံးပိတ်ရက် တပတ်ထပ်တိုး Reviewed by THITHTOOLWIN on 23:45 Rating: 5

No comments:

Powered by Blogger.