အကြမ်းဖက် စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူ ၁၀ ဦးကို ဖမ်းဆီး လူသားဒိုင်းကာအဖြစ် အသုံးပြုနေ


ရှမ်း- ကယားနယ်စပ် ဖယ်ခုံမြို့နယ်  လွယ်လုံ ကျေးရွာသို့ နယ်‌မြေရှင်းလင်းရေးကို အကြောင်းပြပြီး ရောက်ရှိလာသော အကြမ်းဖက် စစ်တပ်၏ တပ်မ 55 သည် လွယ်လုံရွာ သား ၅ ဦးနှင့် စက်တော်ရွာသား ၅ ဦး စုစုပေါင်း အပြစ်မဲ့ပြည်သူ ၁၀ ဦးကို ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့က  ဖမ်းဆီးခေါ်ဆောင်ကာ လူသားဒိုင်းကာအဖြစ် အသုံးပြုလျက်ရှိကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့် အပြစ်မဲ့ပြည်သူ ၁၀ ဦးကို ၅ ယောက် တစ်တွဲ​ဖြင့် တောင်စလုံဘက်သို့ လူသားဒိုင်းကာအဖြစ် အသုံးပြုသည့်အပြင် လမ်းပြ ဓားစာခံအဖြစ်လည်း အသုံးနေကြောင်းလည်း ပြန်လည် လွတ်မြောက်လာသူတစ်ဦးထံ မှသိရှိရပါသည်။


KnIC

https://www.facebook.com/knicinfo/

အကြမ်းဖက် စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူ ၁၀ ဦးကို ဖမ်းဆီး လူသားဒိုင်းကာအဖြစ် အသုံးပြုနေ အကြမ်းဖက် စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူ ၁၀ ဦးကို ဖမ်းဆီး လူသားဒိုင်းကာအဖြစ် အသုံးပြုနေ Reviewed by THITHTOOLWIN on 00:04 Rating: 5

No comments:

Powered by Blogger.