တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်းသေဆုံး


ကရင်နီပြည်နယ် ဖရူဆိုမြို့ နယ်၊ ဒိုမိုခိုကျေးရွာအကြားနဲ့ ရှမ်းပြည်နယ်ဖယ်ခုံမြို့နယ် ဘီသူ(အထက်) ကျေးရွာမှာ အကြမ်းဖက်ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်မှ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၆း၃၀ အချိန်မှာ ခုခံတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ် ၁၀ ဦးထက်မနည်း သေဆုံးကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

နံနက် ၆ နာရီကျော်မှ စတင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေနဲ့ ၄ နာရီကျော်ခန့် အဆက်မပြတ်ပစ်ခတ်ခဲ့သလို ညနေပိုင်း ၂ နာရီကျော်အချိန်မှာလည်း ထပ်မံထိုးစစ်ဆင်ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ လွိုင်ကော်မြို့နယ်၊ ဖရူဆိုမြို့နယ် တို့မှာ စစ်ရေးလုပ်ရှားလျက်ရှိပြီး အင်အားဖြည့်တင်းတာကြောင့် ကရင်နီတပ်မတော်နဲ့ ကရင်နီအမျိုးသားကာကွယ်တပ်ရေး ပူးပေါင်းရေးတပ်မှ အဆုံးတိုင် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။


Kantarawaddy Times

https://www.facebook.com/KantarawaddyTimes

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်းသေဆုံး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်းသေဆုံး Reviewed by THITHTOOLWIN on 00:20 Rating: 5

No comments:

Powered by Blogger.