နန်းဖဲတွင် အကြမ်းဖက် စကစ တပ်ဖွဲ့ဝင်များ ဝင်ရောက် သောင်းကျန်း၊ ပစ္စည်းနဲ့ငွေများကို ဓားပြတိုက် လုယူ

ဓါတ်ပုံ - KNDF

ကရင်နီပြည် ဘော်လခဲမြို့နယ် နန်းဖဲကျေးရွာအတွင်းကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယမန်​​နေ့ သြဂုတ်လ ၃ ရက်နေ့ ညနေ ၄ နရီဝန်းကျင်တွင် နန်းဖဲကျေးရွာအတွင်း လက်နက်ငယ်များဖြင့် လူနေအိမ်များနှင့် ဆိုင်များကို ရမ်းတမ်းပစ်ခတ်ကာ  ဆိုင်အတွင်းရှိ ပစ္စည်းများနှင့် ငွေများကို ဓားမြတိုက် လုယူခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ကောင်စီတပ်နှင့် KA+KNDF ပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့က ဖရူဆိုမြို့နယ်နှင့် ဘော်လခဲမြို့နယ်တို့တွင် တိုက်ပွဲ ၄ ပွဲ ဆက်တိုက်ဖြစ်ပွားပြီး စကစဖက်မှ အထိနာသွားသောကြောင့်အကြမ်းဖက်စ်ကောင်စီတပ်များသည် ၎င်းတို့ စစ်ကြောင်းထိုးသည့် လမ်းကြောင်းတစ်လျှောက်တွင်ရှိသော ရွာများတွင် ထိုသို့ အကြမ်းဖက် မိစ္ဆာလုပ်ရပ်များကို ကျူးလွန်းလျက်ရှိကြောင်း သိရသည်။ 

ယမန်နေ့ တိုက်ပွဲများတွင် အကြမ်းဖက် စစ်ကောင်စီဖက်မှ ၁၁ ဦးကျပြီး အယောက် ၂၀ ကျော် ဒဏ်ရာရကာ စစ်ကား ၃ စီး ပျက်စီးသွားကြောင်း KNDF က ထုတ်ပြန်ထားသည်။ 


KnIC

https://www.facebook.com/knicinfo/


နန်းဖဲတွင် အကြမ်းဖက် စကစ တပ်ဖွဲ့ဝင်များ ဝင်ရောက် သောင်းကျန်း၊ ပစ္စည်းနဲ့ငွေများကို ဓားပြတိုက် လုယူ နန်းဖဲတွင် အကြမ်းဖက် စကစ တပ်ဖွဲ့ဝင်များ ဝင်ရောက် သောင်းကျန်း၊ ပစ္စည်းနဲ့ငွေများကို ဓားပြတိုက် လုယူ Reviewed by THITHTOOLWIN on 23:16 Rating: 5

No comments:

Powered by Blogger.