မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းကို အရပ်ဝတ်တွေနဲ့ ဝင်ဖမ်း၊ သံဃာတစ်ပါး အဖမ်းခံရ

 သပိတ်ဖြိုခွင်းဖမ်းဆီးခံရလို့ သံဃာတော်တချို့ ထွက်ပြေးတိမ်းရှောင်ရ

မန္တလေးမြို့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲတွေကို ဖမ်းဆီးမှုတွေရှိနေတဲ့ကြားက နေ့စဉ်သပိတ်စစ်ကြောင်းထွက်နေတဲ့ သံဃသမဂ္ဂသပိတ်စစ်ကြောင်းကို သြဂုတ်လ ၁၁ ရက်နေ့ညနေပိုင်းမှာ အိမ်စီးကားတွေနဲ့အရပ်ဝတ်လူအင်အားသုံးပြီး လိုက်လံဖြိုခွဲခံခဲ့ရတယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့သံဃာတော်တွေက ဘီဘီစီကိုမိန့်ပါတယ်။

" ဒီကနေ့ ၈၆ လမ်း၊ ၃၂ လမ်းနဲ့ ၃၃ လမ်းမှာ ဦးပဉ္ဇင်းတို့ ကြွေးကြော်သံစတုန်းပဲရှိသေးတယ်။ မာ့ခ်တူးကားတွေနဲ့အနောက်ကလိုက်တာ။ ဦးပဉ္ဇင်းတို့လည်းပြေးရတယ်။ ပုန်းရင်းနဲ့ ကိုယ်တော်တပါးမိသွားတယ်။ မာ့ခ်တူးနှစ်စီးနဲ့အနောက်ကနေလိုက်တိုက်တဲ့ပုံစံနဲ့ဖမ်းတာ။ ဦးပဉ္ဇင်းတပါးဖမ်းဆီးခံရတာလည်း အနီးနားက ဒကာ ၊ ဒါယိကာမတွေပြောလို့ပြန်သိရတာ။ ဦးပဉ္ဇင်းတို့ကိုယ်တိုင်လည်းပုန်းနေရတာပါ" လို့သပိတ်စစ်ကြောင်းမှာပါဝင်တဲ့ သံဃာတော်တပါးက ဖြစ်စဉ်နဲ့ပတ်သက်လို့ ဘီဘီစီကိုမိန့်ကြားပါတယ်။

မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းအနေနဲ့ စစ်အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း နေ့စဉ်မပျက် သပိတ်စစ်ကြောင်းထွက်လာတာ သြဂုတ်လ ၁၁ ရက်နေ့မှာ ၁၈၄ ရက်ရှိခဲ့ပြီဖြစ်တယ်လို့ လည်း သံဃာတွေက မိန့်ပါတယ်။

ဒါ့အပြင် သပိတ်စစ်ကြောင်းထွက်တဲ့ကာလတလျှောက်ဖမ်းဆီးခံရတဲ့ သံဃာတော်လေးပါးရှိနေပြီဖြစ်ပြီး အခုလို ဖမ်းဆီးဖြိုခွင်းမှုတွေရှိနေပေမယ့်စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးသပိတ်တွေ ဆက်လက် ပြုလုပ်သွားမယ်လို့လည်း မိန့်ကြားခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-58072010

မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းကို အရပ်ဝတ်တွေနဲ့ ဝင်ဖမ်း၊ သံဃာတစ်ပါး အဖမ်းခံရ  မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းကို အရပ်ဝတ်တွေနဲ့ ဝင်ဖမ်း၊ သံဃာတစ်ပါး အဖမ်းခံရ Reviewed by THITHTOOLWIN on 02:21 Rating: 5

No comments:

Powered by Blogger.