၂၀၂၂ ဆီးဂိမ်းမှာ မြန်မာအသင်း အားကစား ၁၈ မျိုးနဲ့ ၀င်ရောက်ယှဥ်ပြိုင်မယ်

ဗီယက်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာအသင်းအနေနဲ့ အားကစားနည်း ၁၈ နည်းနဲ့ ၀င်ရောက်ယှဥ်ပြိုင်သွားမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

မြန်မာ့ရိုးရာ အားကစားနည်းဖြစ်တဲ့ ပိုက်ကျော်ခြင်း အပါအ၀င် လက်၀ှေ့၊ မြှားပစ်၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ဘိလိယက်နဲ့ စနူကာ စတဲ့ ဆီဂိမ်းမှာ ၀င်ရောက်ယှဥ်ပြိုင်မယ့် အားကစားနည်းတွေအတွက် လက်ရွေးစင် အားကစားသမားတွေ လေ့ကျင့်နေကြပြီလို့လည်း ဆိုပါတယ်။

၃၁ ကြိမ်မြှောက် အရှေ့တောင်အာရှ အားကစားပွဲတွေကို ဒီနှစ် နို၀င်ဘာလမှာ ကျင်းပဖို့ စီစဥ်ထားပေမယ့် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုတွေကြောင့် ၂၀၂၂ ခုနှစ် ဧပြီလလောက်မှာ ကျင်းပနိုင်လိမ့်မယ်လို့ ဆီဂိမ်းအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ဘက်က ပြောဆိုထားပါတယ်။

ဆီဂိမ်းပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် မြန်မာနိုင်ငံက ၂၀၁၃ ခုနှစ်မှာ ကျင်းပခွင့်ရခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည် ကျင်းပခွင့်ရခဲ့တာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-58072010

၂၀၂၂ ဆီးဂိမ်းမှာ မြန်မာအသင်း အားကစား ၁၈ မျိုးနဲ့ ၀င်ရောက်ယှဥ်ပြိုင်မယ်  ၂၀၂၂ ဆီးဂိမ်းမှာ မြန်မာအသင်း အားကစား ၁၈ မျိုးနဲ့ ၀င်ရောက်ယှဥ်ပြိုင်မယ် Reviewed by THITHTOOLWIN on 06:46 Rating: 5

No comments:

Powered by Blogger.