မူဆယ် တရုတ်ငွေလှဲ အမျိုးသမီး ဓားခုတ်ခံရပြီး ငွေလုခံရ


သြဂုတ် (၂၅) ရက် ၂၀၂၁

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ  ကောင်းမူးတုံရပ်ကွက် ကောင်းမူးလွယ်နယ်မြေ  တရုတ် - မြန်မာငွေလှဲသည့် အမျိုးသမီး တစ်ဦး ဓားပြ တိုက်ခိုက်ရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ သြဂုတ် (၂၅) ရက် မနက် (၁၀) နာရီဝန်းကျင်က ကောင်းမူးလွယ်နယ်မြေရှိ ရွှေနဂါးဟော်တယ် မှာ  အသက် (၄၅)နှစ် ဝန်းကျင်ရှိ အမျိုးသမီး တစ်ဦး ဓါးခုတ်ခံရပြီး ငွေလုခံရကြောင်း  သိရသည်။

“ မူဆယ်ဆေးရုံမှာ သွေး (၃) ပုလင်း သွင်းရပြီး  ညာဘက်လက်မှာ (၈) ချက် ချုပ်ရတယ်။ ငွေဘယ်လောက်ပါ သွားလဲတော့ မသိရသေးဘူး” ဟု မူဆယ်ဒေသခံ တစ်ဦးကပြောသည်။

လက်ရှိ နိုင်ငံရေးအခြေနေအရ တရုတ်- မြန်မာ ငွေလှဲသူအနေဖြင့်လည်း သူခိုး ဓားပြများကိုလည်း သတိထားရမည်ဖြစ်ပြီး မူဆယ်ဒေသခံ များက ပြောဆိုသည်။

“Lockdown လုပ်ကတည်းက ငွေလဲှတဲ့သူတွေက သိပ်ပြီး အရေးမစိုက်ဘူး။ မူဆယ်မှာက ဒီလိုဖြစ်စဉ် မကြာခဏဖြစ်တယ်။ ဖြစ်ရင် ငွေလှဲတဲ့သူပဲဖြစ်တယ်။ ဒီလိုနိုင်ငံရေးအခြေနေနဲ့က သတိထားရမယ်” ဟု မူဆယ်ဒေသခံ တစ်ဦးကပြောသည်။

တရုတ်-မြန်မာ နယ်စပ် မှာရှိသည့် မူဆယ်မြို့သည် စစ်တပ်မှ အာဏာသိမ်းပြီးနောက် နိုင်ငံရေး မငြိမ်တက်မှုများ ဖြစ်ပေါ်ခြင်း၊ ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူများပြားလာခြင်း၊ စသည့် အကျိုးဆက်များ လာသောကြောင့် သူခိုး ဓားပြများလည်း များပြားလာရခြင်း ဖြစ်ကြောင်းသိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

မူဆယ် တရုတ်ငွေလှဲ အမျိုးသမီး ဓားခုတ်ခံရပြီး ငွေလုခံရ မူဆယ် တရုတ်ငွေလှဲ အမျိုးသမီး ဓားခုတ်ခံရပြီး ငွေလုခံရ Reviewed by THITHTOOLWIN on 19:17 Rating: 5

No comments:

Powered by Blogger.