တောင်တွင်းကြီးမှာ စစ်သားတဦး အရက်မူးပြီး ဆေးသွားဝယ်တဲ့ ပြည်သူတဦးကို သေနတ်နဲ့ပစ်


တောင်တွင်းကြီး၊ ဩဂုတ် ၆၊ ၂၀၂၁။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ စစ်သားတဦး အရက်မူပြီး ပြည်သူတဦးကို အကြောင်းမဲ့သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

"ပညာရေးမှူးရုံးရှေ့ ဝါးတားဂိတ်မှာ မနေ့က ညနေ ၄ နာရီလောက်က ပြည်သူတဦးကဆေးဝယ်ဖို့သွားချင်တာကို အဲ့စစ်သားက မသွားရဘူးလို့တားတယ်။ ဆေးဝယ်သွားမယ့်သူက ဝင်ထွက်ကဒ်လည်းပါတယ်။ တကယ်လည်းဆေးသွားဝယ်မှာပါလို့ ရှင်းပြနေတာကို သူပြောတာနားမထောင်ရကောင်းလားဆိုပြီး သေနတ်နဲ့ပစ်တာ။ လူကိုမမှန်လို့ တော်သေးတာပေါ့။ အဲ့လိုဖြစ်ပြီး သိပ်မကြာဘူး အဲ့စစ်သားကို စစ်ကားနဲ့ လာခေါ်သွားတာဘဲ" လို့ မျက်မြင်တဦးက ပြောပါတယ်။

အဆိုပါစစ်သားမှာ အသက် ၅၀ ကျော်ဝန်းကျင်ရှိကာ တောင်တွင်းကြီးက အမှတ် ၁၀၃ ခြေမြန်တပ်ရင်းကဖြစ်ကြောင်း သိရပါတယ်။

"အဲ့စစ်သားဘဲမူးပြီး ပြီးခဲ့တဲ့ ၂ ရက်လောက်ကလည်း ဆေးခန်းပြသွားမယ့်သူတွေကို မသွားရဘူးတားပြီး ပိုက်ဆံတောင်းတာ ၃၀၀၀ ပေးမှ လွှတ်ပေးလိုက်တယ်။ တချို့နေ့တွေမှာဆို လမ်းသွားလမ်းလာပြည်သူတွေ မကြားဝံ့မနာသာ ကြမ်းကြမ်းတမ်းတမ်းဆဲနေတာ။ အရက်နံ့တထောင်းထောင်းနဲ့ အမြဲလိုလိုမူးနေတာ" လို့ ‌နီးစပ်သူတဦးက ပြောပါတယ်။

တောင်တွင်းကြီးမြိုကို စစ်ကောင်စီက Stay at Home သတ်မှတ်ထားတာဖြစ်ပြီး သတ်မှတ်ချိန်ကျော်လွန်ပြီး အပြင်ထွက်နေသူတွေကို အမေးအမြန်းမရှိဘဲ စစ်သားတွေက ရိုက်နှက်နေတာတွေ နေ့စဉ်နဲ့အမျှရှိနေကြောင်းလည်း ဒေသခံပြည်သူတွေဆီက သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

https://www.facebook.com/myaelattathan

တောင်တွင်းကြီးမှာ စစ်သားတဦး အရက်မူးပြီး ဆေးသွားဝယ်တဲ့ ပြည်သူတဦးကို သေနတ်နဲ့ပစ် တောင်တွင်းကြီးမှာ စစ်သားတဦး အရက်မူးပြီး ဆေးသွားဝယ်တဲ့ ပြည်သူတဦးကို သေနတ်နဲ့ပစ် Reviewed by THITHTOOLWIN on 23:18 Rating: 5

No comments:

Powered by Blogger.